စီရော်နယ်ဒိုလည်း တစ်စီးပိုင်သော Ferrari LaFerrari
အကြောင်းကတော့ ၄၉၉ စီးထဲ ထုတ်တဲ့ ယင်းပြိုင်ကားကို လူတိုင်း ဝယ်ယူခွင့် ပေးမထားသေးလို့ ဖြစ် ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့  မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူ ခွင့် ပေး မယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့ သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ ပြောလိုက်တဲ့ အတူတူပါပဲ။ Laferrir ဟာ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၈၃၀၀၀၀ နဲ့ ရောင်းချတဲ့ ကား ဖြစ်ပါ တယ်။
ဒီဇီုင်းကတော့ Ferrari တွေထဲမှာ ခေတ်ရှေ့ အပြေးဆုံးပါပဲ။ အင်ဂျင် ပါဝါ ၆၆၀၀ စီစီ၊ လျှပ်စစ်မော်တာ ၁၇၀ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁၇ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Start Acceleration ကောင်းတဲ့ ကားတစ်စီးပါ။ ၄၉၉ စီးကို စီရော်နယ်ဒိုအပြင် အခြားနာမည်ကြီး အားကစားသမားများလည်း မှာယူလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( TSJ Team )
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.