0

Abu Dhabi မှာဒီနေ့ကျင်းပတဲ့ ပွဲမှာ Nokia က Screen ကြီးမားတဲ့ဖုန်းနှစ်လုံးကိုထုတ်ဖော်ပြသလိုက်ပါတယ်။ Lumia 1520 , Lumia 1320 တို့ဖြစ်ပြီး ဖုန်းနှစ်လုံးစလုံးကို Windows Phone 8 မောင်းနှင် အသုံးပြုမှာပါ။  ဖုန်းနှစ်လုံးစလုံး ခြောက်လက်မ Screen ဖြစ်ပြီး  1520 ကတော့ Display 1080p ပါရှိပြီး 1320 ကတော့ 720p ပါရှိပါမယ်။


 
Lumia 1520 ကို $749 နဲ့၀ယ်ယူနိုင်မှာဖြစ်ပြီး အဝါရောင်၊ အဖြူရောင်၊ အနက်ရောင်၊ အနီရောင် လေးမျိုးရွေးချယ်နိုင်ပါတယ်။  နှစ်ကုန်ပိုင်းမှာ US, UK ,Hong Kong, Singapore, China, France, Germany , Finland နဲ့ တစ်ချို့ဥရောပနိုင်ငံ တွေမှာ၀ယ်ယူနိုင်မယ်လို့ထင်ပါတယ်။

Lumia 1320 ကိုတော့ $339 ဈေးသက်မှတ်ထားပြီး အဝါရောင်၊အဖြူရောင်၊အနက်ရောင် သုံးမျိုးနဲ့ရနိုင်ပါတယ်။ ၂၀၁၄ နှစ်ဦးပိုင်း မှာ    China, Vietnam, India  စတဲ့အာရှနိုင်ငံတွေ နဲ့ ဥရောပ မှာစတင်ရောင်းချမယ်လို့မျှော်လင့်ပါတယ်။ US မှာတော့ရောင်းချမှာမဟုတ်ပါဘူး။

1520 မှာ 29MP PureView Camera , Optical Image Stabilization (QIS) တို့ပါရှိပါမယ်။ Nokia ရဲ့ Audio Recording Tool တစ်ခုဖြစ်ပြီး Built-in ပါတဲ့ Speaker လေးလုံးကိုမောင်းနှင်ပေးမယ့် Rich Recording ပါရှိပါမယ်။

1520 ရဲ့  Specifications တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
  • 6 full HD 1080p LCD, ClearBlack, Sunlight readability, Super sensitive touch, Gorilla Glass 2
  • PureView 20 MP, ZEISS optics, OIS, 2x lossless zoom, oversampling, dual LED flash
  • Video 1080p @ 30 fps full HD video with optical image stabilization
  • 4G LTE
  • Nokia Music for unlimited streaming of ad-free music
  • Free global HERE Maps and HERE Drive+, HERE Transit available in the Store
  • Microsoft Office built-in
  • Qualcomm Snapdragon 800 (2.2GHz Quad Core)
  • 3400 mAh (integrated) with built-in wireless charging
  • Yellow, white, black, glossy red
အခုလောလောဆယ်တော့ 1320 ထက် 1520 ရဲ့သတင်းအချက်အလက်တွေကိုပဲဖော်ပြပါသေးတယ်။ 1320 ရဲ့ ပုံတွေကိုလည်းမရရှိသေးပါဘူး။ ရောင်းချမယ့် နေ့ တွေကိုတော့ သေချာမသိရသေးပါ။


Ref-Myanmar iCT

Post a Comment

 
Top