0

iPhone 5S မှာ ပါတဲ့ Touch ID ဟာ သင့် iPhone ကို Unlock လုပ်ဖို့အတွက် အရင် အသုံးပြုနေကျ 4-digit PIN code တွေကိုအသုံးပြုစရာမလိုဘဲ သင့် လက်ချောင်း ကိုအသုံးပြုပြီးလွယ်ကူစွာ Unlock လုပ်ဖို့ပြုလုပ်ပေးထားပါတယ်။ iTunes , App Store တွေကနေ ပစ္စည်းတွေ၀ယ်ယူတဲ့အခါမှာလည်း Touch ID ကိုသုံးနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။ PIN Code တွေကိုအသုံးပြုနေကျသူတွေဆိုရင်တော့ Touch ID ဟာ ပိုမိုလွယ်ကူအဆင်ပြေလို့သင်သဘောကျမှာသေချာပါတယ်။ ဖုန်းကို Lock လုပ်မထားတတ်တဲ့သူတွေအတွက်လည်း Touch ID ကအသုံးပြုချင်စရာကောင်းအောင်စွဲဆောင်နိုင်ပါတယ်။


Touch ID ကို Setup လုပ်ရတာလွယ်ကူလှပါတယ်။ Settings>General>Touch ID & Passcode>Touch ID ကိုသွားပြီးညွှန်ကြားချက်တွေအတိုင်းပြုလုပ်ပါ။ Touch ID ကို အသုံးပြုရတာလွယ်ကူပေမယ့် ပိုမိုကောင်းမွန်စွာအသုံးပြုဖို့နည်းလမ်းတွေရှိပါတယ်။

လက်ချောင်းတွေကို နှစ်သက်တဲ့ အနေအထားနဲ့ Scan လုပ်နိုင်ပါတယ်။

သင့်လက်ချောင်းတွေကို Touch ID မှာ မှတ်ပုံတင်ဖို့ပြုလုပ်တဲ့အခါမှာ ပဲဖြစ်ဖြစ် ၊ Touch ID ကို အသုံးပြုပြီး Unlock လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် ပုံမှန်အနေအထားအတိုင်းပြုလုပ်စရာမလိုဘဲ နှစ်သက်ရာ အနေအထားနဲ့ ပြုလုပ်နိုင်ပါတယ်။ Touch ID က 360 ဒီဂရီ အနေအထားကို ဖတ်နိုင်ပါတယ်။

အများဆုံးလက်ချောင်းငါးချောင်း အထိ မှတ်ပုံတင်နိုင်ပေမယ့် အနည်းငယ်ပဲ မှတ်ပုံတင်ပါ။

Touch ID မှာ အများဆုံး လက်ချောင်းငါးချောင်းအထိ မှတ်ပုံတင်ထားလို့ရပါတယ်။ ဒါပေမယ့် လက်ချောင်းများများ  မှတ်ပုံတင် ထားလေလေ Scan လုပ်တဲ့အချိန် ကြာမြင့်လေလေဖြစ်ပါတယ်။ Touch ID ကမှတ်ပုံတင်ထားတဲ့ လက်ချောင်းတွေအများကြီးနဲ့လိုက်တိုက်စစ်နေရလို့ဖြစ်ပါတယ်။အဲဒီအတွက် လက်ချောင်း အနည်းငယ်သာမှတ်ပုံတင်ထားသင့်ပါတယ်။

လက်ချောင်းတွေကို ခွဲခြားပါ။

လက်ချောင်းတွေ တစ်ခုထက်ပို မှတ်ပုံတင်ထား မိပြီးဘယ်လက်ချောင်းက ဘယ် Fingerprint ဆိုတာ မသိတော့ဘူးဆိုရင် Touch ID Settings ထဲသွားပြီး လက်ချောင်းကို Scan လုပ်ပါ။ဒါဆိုရင် သက်ဆိုင်ရာ Fingerprint ကို ပြပေးပါမယ်။

ငါး ကြိမ် အထိကြိုးစားပါ။

Touch ID ကိုအသုံးပြုပြီးသင့်ဖုန်းကို Unlock လုပ်ဖို့ကြိုးစားတဲ့ အခါမှာ  သုံးကြိမ်အထိ အဆင်မပြေသေးရင် PIN Code ထည့်ဖို့ပြောပါလိမ့်မယ်။ Touch ID ကိုအသုံးပြုဖို့ ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ဟာ ငါး ကြိမ် ဖြစ်တဲ့အတွက် သင်ကြိုးစားဖို့ နှစ်ကြိမ် ကျန်ပါသေးတယ်။

Home Button တစ်ခုလုံးကို ခြုံငုံပြီး အသုံးပြုပါ။

Touch ID ဟာ သင့်လက်ချောင်းတွေကို ကောင်းမွန်စွာ Scan လုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မှာ အဆင်မပြေတာတွေလည်းဖြစ်တတ်ပါတယ်။အဲဒီလိုအခြေအနမှာ သင့် လက်ချောင်း ကို Home Button တစ်ခုလုံးအပေါ်မှာခြုံငုံ ပြီး အသုံးပြုပါ။

iPhone 5S အသုံးပြုနေတဲ့သူတွေ ဆိုရင်လည်း အတွေ့အကြုံကိုမျှဝေခဲ့ပါအုံး။


Ref & Credit-Myanmar iCT


Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top