0

ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များစွာ ရေးဆွဲဖန်တီးခဲ့သည့် ကာတွန်း ဦးအောင်ရှိန်သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အောက်တိုဘာ ၃၀ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန်သည် ကွယ်လွန်ချိန်တွင်အသက် ၈၅နှစ်ရှိပြီဖြစ်သည်။ ကွယ်လွန်သူ ကာတွန်း ဦးအောင်ရှိန်၏ ရုပ်ကလပ်ကို နို၀င်ဘာ ၁ရက်နေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ် မည်ဖြစ်ကြောင်း သိရပါသည်။

“ဆရာကြီးက မွန်းလွဲ၁၂ နာရီခွဲလောက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာကွယ်လွန်တာကိုသိရတယ်။ အသက်ကြီးနေပြီး ဖြစ်တော့လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတာပါ။ ကားတွန်း ဇာတ်ကောင်တွေ အများကြီး ကို မွေးထုတ်ဖန်တီး ပေးခဲ့တဲ့ ကာတွန်းဆရာကြီး ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံး မှုတစ်ခုပါပဲ” ဟုကာတွန်းမောင်မောင်အောင်က ဦးအောင်ရှိန်ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
ထို့အပြင် ကာတွန်းဦးအောင်ရှိန်၏ တပည့်အရင်းဖြစ်သူ ကာတွန်းရွှေမင်းသားကလည်း “ကျွန်တော်နဲ့က ဆရာရင်း တပည့်ရင်းတွေပါ။ ၁၉၅၈ လောက်ကတည်းက ဆရာကြီးဆီမှာ ကာတွန်းရေးဆွဲနည်းပညာ ကို သွားရောက် သင်ယူခဲ့ရပါတယ်။ ဆရာကြီးရဲ့ မတူကွဲပြားတဲ့ ဇာတ်ကောင်တွေအားလုံးက ပရိတ်သတ် ရင်ထဲကိုရောက်ခဲ့တာ ချည်းပါပဲ။ ဆရာကြီးကွယ်လွန်သွားတဲ့ အတွက် အရမ်းနှမြော မိပါတယ်” ဟု ပြောပြ ခဲ့သည်။
ကာတွန်းဦးအောင်ရှိန်သည် ဦးကပ်စေး၊ တိုက်ဂါး၊ ခင်မောင်သိန်းထိန်း၀င်း၊ ဦးစိတ်တိုနှင့် မျောက်ညို၊ ကြာဇံနှင့်ခင်၊ ဦးစံရှားနှင့် ဒိန်းဒေါင်စသည့် နာမည်ကျော် ကာတွန်းဇာတ်ကောင်များကို ဖန်တီးရေးဆွဲခဲ့သည့် ကာတွန်း ဆရာကြီးတစ်ဦးဖြစ်သည်။ ကာတွန်းဦးအောင်ရှိန်ကို ၁၉၂၉ ခုနှစ်၊ စက်တင်ဘာ ၁၇ရက် နေ့တွင်မွေးဖွား ခဲ့ပြီး ဦးလူပေါဇာတ်ရုပ် နှင့် ၄င်း၏ကာတွန်းလောကကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။



Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top