0
ယူကေတွင် ဆေးကျောင်းတက်ရောက်လိုသည့် ၁၀ တန်းအောင် (သို့) IGCSE အောင် မြန်မာကျောင်းသူ ၊ ကျောင်းသားများအတွက် Bellerbys College တွင် GCE A Level ၀င်ခွင့်လျှောက်ထားနိုင်ပြီး၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ကျောင်းဝင်ခွင့်လအတွက် သတ်မှတ်အရည်အချင်း ပြည့်မီသူများ အနေဖြင့် ပညာသင် ထောက်ပံ့ကြေး ၆၀ ရာခိုင်နှုန်း အထိ ရရှိမည်ဖြစ်ကြောင်း၊ CROWN Education မှသိရသည်။



Bellerbys College ၏  GCE  A Level သည် ယူကေတက္ကသိုလ်များတွင် ဆေးပညာ ဘာသာရပ် ကျောင်းဝင် ခွင့် ရရန် အကြို အင်တာဗျူး လေ့ကျင့်ပေးခြင်း၊ The UK Clinical Aptitude Test (UKCAT) နှင့် BioMedical Admission Test (BMAT) များအတွက် ကြိုတင် ပြင်ဆင်ပေးကြောင်း သိရသည်။



ယူကေ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့် ရရှိလိုသူများသည် GCE အဆင့်တွင် A* သို့မဟုတ် A အဆင့်များ ရရှိ ပြီး Biology, Chemistry, Physics, Maths, English အပါအ၀င် အနည်းဆုံး ၆ ဘာ သာဖြေဆို အောင်မြင်ထားရန် လိုအပ်သည်။ GCE A Level တွင် Chemistry, Biology နှင့် Maths သို့မဟုတ် Physics တွင် အနိမ့်ဆုံး AAA ရရှိထားရန် လိုအပ်ခြင်းနဲ့ BioMedical Admission Test နှင့် UKCAT Test များဖြေဆိုရန် လိုအပ်ကြောင်း သိရသည်။ GCE A Level ဝင်ခွင့် လိုအပ်ချက် အနေဖြင့် အင်္ဂလိပ်စာ အနိမ့်ဆုံး IELTS 5.5 ရှိရမည် ဖြစ်သည်။


Bellerbys College ၏ GCE A Level သည် အောက်စဖို့စ်ကိန်းဘရစ် အပါအဝင် ယူကေ ထိပ်တန်းတက္ကသိုလ် ၁ မှ ၁၀ စာရင်းဝင်ကျောင်းများတွင် ဆေးပညာရပ်၊ စီးပွားရေး၊ နိုင်ငံရေး စသည့် ဘာသာရပ်များ တက်ရောက်ရန် အတွက် ဝင်ခွင့်ဆိုင်ရာ ပြင်ဆင်ပေးသည့် ပရိုဂရမ်ဖြစ်သည်။ မြန်မာကျောင်းသား၊ ကျောင်းသူများ အနေဖြင့် University of Oxford, University of Cambridge, University College London နှင့် King's College London အစရှိသည့် ဆေးတက္ကသိုလ်ကြီးများသို့ တိုက်ရိုက် ၀င်ခွင့်ရရှိရန် ခဲယဉ်းလေ့ ရှိကြောင်း သိရသည်။


CROWN Education၊ အမှတ် (၂၇၀)၊ ပထမထပ်၊ မြေနီကုန်း၊ ဒဂုံစင်တာ(၂) နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း- ၀၉-၇၃၂၇၃၂၇၇ နှင့် ၅၂၇၈၃၈ သို့ စုံစမ်း မေးမြန်းနိုင်သည်။


Ref-Myanmar Internet Journal

Post a Comment

 
Top