0

အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားရှိ ဘီဗာလီဟီတန်ဟိုတယ်၌ ကျင်းပသည့် (၁၇)ကြီမ်မြောက် ဟောလီးဝုဒ်ရုပ်ရှင်ဆုပေးပွဲတွင် သရုပ်ဆောင်ဂျူလီယာရောဘတ်သည် August: Osage County ဇာတ်ကားဖြင့်ဇာတ်ပို့သရုပ်ဆောင်ဆု ရရှိခဲ့သည်ဟုသိရသည်။


“August: Osage County ဇာတ်ကားမှ ဂျူလီယာရောဘတ်ရဲ့သရုပ်ဆောင်မှုဟာ အရမ်းကို ထူးချွန်ပြောင်မြောက်လွန်းပါတယ်။ သူဟာ ဟောလီးဝုဒ်ရဲ့ပါရမီထူးခြားတဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ဆက်လက်အောင်မြင်နေဦးမှာပါ” ဟု ဟောလီးဝုဒ်ရုပ်ရှင်ဆု ထူထောင်သူ Carlos de Abreu ကပြောကြားသည်။

12 years a slave ဇာတ်ကားရိုက်ကူးခဲ့သည့် စတိဗ်မက်ကွင်းသည် Hollywood Breakout Director ဆုရရှိခဲ့ပြီး ဆန်ဒရာဘူလော့ခ် သည် Gravity ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုရရှိခဲ့သည်ဟု သိရသည်။ ယခုနှစ်တစ်နှစ်တာ သီချင်းဆုကို Coldplay အဖွဲ့က Atlas သီချင်းဖြင့် ရရှိခဲ့သည်ဟု သိရသည်။


Ref-Myanmar iCT

Post a Comment

 
Top