0

စင်ကာပူ နိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းများအရှိန်အဟုန် မြင့်မားလာသော်လည်း အလုပ်သမား လုံလောက်မှု မရှိခြင်း ပြဿနာ နှင့် ရင်ဆိုင်နေရသည် ဟုသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက် လာခဲ့ပြီး အလုပ်သမား မလုံလောက်မှုကြောင့် စင်ကာပူဆောက်လုပ် ရေးလုပ်ငန်းများသည် ကုန်ကျစရိတ် မြင့်မားခြင်း နှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာ ယူနေရသည့် အခြေအနေ တွင်ဆိုက်ရောက်နေ သည်ဟုဆိုသည်။


ကျွမ်းကျင်သူများက ဆောက်လုပ်ရေး လုပ်ငန်းလိုအပ်ချက်မှာ မြင့်မားလာခြင်းကြောင့် ဆောက်လုပ်ရေး ကန်ထရိုက်တာ များအတွက် သတင်းကောင်းဖြစ်သော်လည်း အခြားတစ်ဖက်တွင် အလုပ်သမားအင်အား ပြတ်တောက်မှု ပြသာနာများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ စင်ကာပူ နိုင်ငံ၌ လွန်ခဲ့သောနှစ်က ဆောက်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသည့် ဒေါ်လာ ၃၀ ဒသမ၇ ဘီလျံရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ၂၈ဘီလျံ မှ ဒေါ်လာ၃၄ ဘီလျံ အထိမြင့်တက်လာ သည်ဟုဆိုသည်။

ထို့အပြင် ၂၀၀၇ ခုနှစ် အကုန်တွင် ဆောက်လုပ်ရေး ပါမစ်ချထားမှုသည် ၁၈၀၀၀၀ မှ ယခုနှစ် ဇွန်လတွင် ၃၀၆၅၀၀ အထိရှိလာ ခဲ့သည်ဟုသိရသည်။ သို့သော်စီမံ ကိန်းတစ်ခုစီ တွင်၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အလုပ်သမား အင်အားများ ထက်၀က်နီးပါး ကျဆင်းခဲ့သည် ဟုဆိုသည်။ ကျွမ်းကျင်သူများက စင်ကာပူရှိ ရေနံပိုက်လိုင်း၊ အိမ်ရာစီမံကိန်းနှင့် အခြားဆောက်လုပ်ရေး စီမံကိန်းများမှာ ဆက်လက်မြင့်တက် လာဖွယ်ရှိသည် ဟုသိရပါသည်။

Straight Time.


Ref-Myanmar iCt

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top