0

ပြည်ပနိုင်ငံများသို့ အိမ်ဖေါ်အဖြစ်သွားရောက်လုပ်ကိုင်မှုကို ဥပဒေအရ တားမြစ်ထားသော်လည်း စင်ကာပူနိုင်ငံတွင်အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်နေသည့်အမျိုးသမီး သုံးသောင်းခန့်ရှိနေ ကြောင်းစင်ကာပူ အခြေစိုက် Home ဖေါင်ဒေးရှင်း ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသမီးများ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုး ကြောင့် အိမ်ဖေါ်အဖြစ်သွားရောက် လုပ်ကိုင်နေကြပြီး ဥပဒေအရ အကာအကွယ်ပေးမှု မရှိ၍ ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနစ်နာခြင်း၊ တရားမဝင် သွားရောက် လုပ်ကိုင်ခြင်းကြောင့် မတရား ညှင်းပန်းနှိပ်စက်ခံရမှု ၊ လုပ်ခလစာ မရရှိခြင်းတို့ အတွက် မြန်မာနိုင်ငံ ဘက်မှဥပဒေ ကြောင်းအရဖြေရှင်း ခွင့်မရှိခြင်း တို့ကို ကြုံတွေ့ နေရသည်။


စင်ကာပူ နိုင်ငံတွင်အိမ်ဖေါ် အဖြစ်လုပ်ကိုင်သူ မြန်မာအမျိုးသမီး များအနေဖြင့် ဘာသာစကား မတတ်ကျွမ်းသူ များဖြစ်ကာ အသက် ၃၀ အောက်ငယ်ရွယ်သူ များဖြစ်ပြီး ပွဲစားခအဖြစ် ၄င်းတို့ရရှိသည့် လစာ ကိုးလစာ အထိပေးဆောင် နေရပြီး တရားမ၀င် သွားရောက်လုပ်ကိုင် မှုကြောင့်ပွဲစား များ၏ ခေါင်းပုံဖြတ်မှုကို ခံနေရကြောင်း သိရသည်။

မြန်မာ အစိုးရအနေဖြင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသည့် အိမ်အကူ အမျိုးသမီးများ၏ လုပ်ခလစာ အားလပ်ရက် ၊ ပွဲစားခ အစရှိသည့်အခွင့် အရေးနှင့် ရပိုင်ခွင့် များကိုအကာအကွယ် ပေးနိုင်ရေးအတွက် ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်) ပြဌာန်းချက် C189 ကို ပါ၀င်လက်မှတ် ရေးထိုးရန် လိုအပ်နေ သည် ဟုဒေါက်တာ သိန်းသန်း၀င်း ကဆက်လက်ပြော ကြားခဲ့ကြောင်း သိရပါသည်။


Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top