1

 

 

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။


“blue plaques တွေတပ်ဆင်ပေးမှာပါ။ အဲဒါမှ လူတွေက ဒါကအထင်ကရနေရာဖြစ်တယ်။ ဒီအဆောက်အဦးက ထိန်းသိမ်းသင့်တဲ့အဆောက်အဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ပြည်သူပြည်သားတွေ သတိထားမိသွားအောင်   ထောက်ပြချင်တာပါ” ဟု (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

အဆိုပါ ကမ္မည်းပြားများကို ဇွန်လအတွင်း၌ ရှေးဟောင်းအဆောက်အဦး (၂၀၀) ခန့်တွင်  တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Philips သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ ဗိသုကာ လက်ရာ အမွေအနှစ်များကို ဖော်ပြနိုင်ရန် ကမ္မည်းပြား( blue plaques)များ တပ်ဆင်ရေးလုပ်ငန်းအတွက် အဆိုပါ အလှူငွေများအား ထည့်ဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

“ Philips အနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ စနစ်တွေ တည်ထောင်ပေးဖို့၊ Philips ရဲ့ လူသုံးကုန် ပစ္စည်းတွေနဲ့ လူတွေ ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ နေထိုင်နိုင်စေဖို့ ၊ အရည်အသွေးမြင့် အလင်းပေးမှုစနစ်ဆိုင်ရာ အခြေခံ အဆောက်အအုံကို ကူညီ တည်ထောင်ပေးဖို့ ဖြစ်ပါတယ်” ဟု Philips ၏ အာဆီယံနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mrs. Harjit Gill က ပြောသည်။

Philip ကုမ္ပဏီနှင့် ပူးပေါင်းမည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) သည် မြို့ပြစီမံကိန်း မူဘောင်အတွင်း ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များကို အများဆုံး ကာကွယ်စောင့်ရှောက်ရန်ဟူသော ဦးတည်ချက်ဖြင့် ၂၀၁၂ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 ကျော်ဇင်မန်း(မြစ်မခ)

Post a Comment

  1. ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည် >>>>> Download Now

    >>>>> Download Full

    ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည် >>>>> Download LINK

    >>>>> Download Now

    ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည် >>>>> Download Full

    >>>>> Download LINK

    ReplyDelete

 
Top