0
မြန်မာနိုင်ငံမှာ လက်ရှိသမ္မတ ကြီး ဦးသိန်းစိန်အပါအဝင် သမ္မတ ၈ ဦးရှိပါ တယ်။ အစဉ်လိုက်အားဖြင့် စဝ်ရွှေသိုက်၊ ဦးဘဦး၊ ဦးဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်နဲ့ ဦး သိန်းစိန်တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ အိမ်ထောင်မရှိတဲ့လူပျိုကြီး တစ်ယောက်မှ မပါဘဲ အားလုံးက အိမ်ထောင်သည်များ ဖြစ်ကြပါတယ်။


 မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီးရဲ့ဇနီးက စဝ်ဟိန်းခမ်းပါ။ စဝ်ဟိန်းခမ်းက မြောက် သိန္နီစော်ဘွားကြီးရဲ့ နှမတော် ဖြစ်ပါတယ်။ စဝ်ရွှေသိုက်နောက်မှာ သမ္မတဖြစ်လာတဲ့ ဦးဘဦးက အိမ်ထောင် ၂ ဆက်ပါ။ ဦးဘဦး ဟာ ၁၉၁၃ ခုနှစ်မှာ ခရိုင်တရားသူကြီး ဦး အောင်ဇံရဲ့သမီး ဒေါ်ဒေါ်ညိမ်းနဲ့ လက်ထပ်ခဲ့ ပါတယ်။ ဒေါ်ဒေါ်ညိမ်း ကွယ်လွန်ပြီးနောက် တစ်နှစ်အကြာ ၁၉၂၃ ခုနှစ်မှာ အရေးပိုင် ဦးစိုးဖေရဲ့သမီး ဒေါ်ဒေါ်အေးနဲ့ အိမ်ထောင် သစ် ထူထောင်ခဲ့ပါတယ်။ ဦးဝင်းမောင်(ခ) မန်းဝင်းမောင်ရဲ့ဇနီးက ဒေါ်မြမေပါ။

ဦး နေဝင်းက အိမ်ထောင် ၄ ဆက် ရှိပါတယ်။ ပထမအိမ်ထောင် ဒေါ်တင်တင်၊ ဒုတိယ အိမ်ထောင် ဒေါ်ခင်မေသန်း၊ တတိယ အိမ် ထောင် ဒေါ်နီနီမြင့်၊ စတုတ္ထ အိမ်ထောင် ရတနာနတ်မယ် တို့ ဖြစ်ပါတယ်။ ဦးနေဝင်း ကတော့ အိမ်ထောင် ၄ ဆက်လို့ ဆိုရပေမယ့် ရတနာနတ်မယ်နဲ့ ကွာရှင်းပြီးနောက် ဒေါ် နီနီမြင့်နဲ့ ထပ်မံပေါင်းသင်းခဲ့တယ်လို့ ဆိုပါ တယ်။ ဒါကြောင့် နိုင်ငံခြားသတင်းဌာနတွေ က ဒေါ်နီနီမြင့်ကို ရည်ညွှန်းရာမှာ နှစ်ခါပြန် လက်ထပ်ခဲ့တဲ့ဇနီး  လို့ ဖော်ပြခဲ့ကြပါတယ်။

 ဦးစန်းယုရဲ့ဇနီး က ဒေါ်သန်းရှိန် ဖြစ်ပါတယ်။ ဒေါ်သန်းရှိန် က အင်္ဂလိပ်စာပြ ကျောင်းဆရာတစ်ဦးရဲ့ သမီးပါ။ ဦးစိန်လွင်ရဲ့ဇနီးအဖြစ် ဒေါ်ရွှေ တင်(ခ) ဒေါ်တင်တင်လှိုင်လို့ ဖော်ပြကြပါ တယ်။ ဒါပေမယ့် ဦးစိန်လွင် ကွယ်လွန်ပြီး နောက် အမွေကိစ္စအငြင်းပွားမှုမှာ သတင်း စာကြေညာတာတွေကိုကြည့်ရင် ဒေါ်ရွှေ တင် (ခ)ဒေါ်တင်တင်လှိုင်အပြင် အခြား သံယောဇဉ်အမျှင်အတန်းများလည်း ဦး စိန်လွင်မှာ ရှိတယ်လို့ ဆိုရမှာပါ။ ဒေါက်တာ မောင်မောင်ရဲ့ဇနီးက ဟင်္သာတသူ ဒေါ်ခင်မြင့် ပါ။ လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက် မှာ သမ္မတကတော်က ဒေါ်ခင်ခင်ဝင်းပါ။

သမ္မတဖြစ်လာကြတဲ့ ပုဂ္ဂိုလ်များ ရဲ့ဇနီးမယားအချို့ဟာ ïတို့ရဲ့ ခင်ပွန်း သည်များ သမ္မတမဖြစ်ခင် ကွယ်လွန်သွား ကြတဲ့အတွက် သမ္မတကတော်ဖြစ်ဖို့ ကံ ဇာတာ ပါမလာခဲ့ဖူးလို့ ဆိုရမှာပါ။ ဦးဘဦး ဇနီး ဒေါ်ဒေါ်အေးဟာ သမ္မတကတော်ဖြစ် ဖို့ ကံမပါလာတာကြောင့် ဦးဘဦး သမ္မတ မဖြစ်မီ ၁ဝ နှစ်လောက်ကတည်းက အနိစ္စ ရောက်ခဲ့ရရှာပါတယ်။

ဦးနေဝင်း ဇနီးတွေ ထဲမှာ လူသိအများဆုံး အကျော်ကြားဆုံးက တော့ ဒေါ်ခင်မေသန်းပဲ ဖြစ်ပါတယ်။ ဒေါ်ခင် မေသန်းဟာ ၁၉၇၂ စက်တင်ဘာ ၃ဝ ရက်နေ့ မှာ ကွယ်လွန်ခဲ့လို့ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဦးနေဝင်း သမ္မတဖြစ်တော့ ဦး နေဝင်းအနားမှာ ဒေါ်ခင်မေသန်း မရှိတော့ ပါဘူး။ သမ္မတဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်အားလုံးရဲ့ ဇနီး တွေထဲမှာလည်း ခေါင်းတစ်လုံး ပြူထွက် ခဲ့တဲ့သူကတော့ ဒေါ်ခင်မေသန်းပါဘဲ။ ဒေါ် ခင်မေသန်းကို ဆရာဝန်ကြီး ဒေါက်တာ ဘသန်းနဲ့ ဒေါ်ခင်ကြည်တို့က ၁၉၂၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ မန္တလေးမှာ မွေးခဲ့ တာပါ။ ဒေါ်ခင်မေသန်းဟာ မန္တလေးမှာ မွေးခဲ့တဲ့ မန္တလေးသူဖြစ်တာကြောင့် မန္တလေးကလူတွေက ပိုမိုစိတ်ဝင်စားပြီး ဒေါ်ခင်မေသန်းအကြောင်းကို ပိုပြီးလည်း သိကြပါတယ်။ ဒေါ်ခင်မေသန်းကို မန္တလေး မျက်ပါးရပ်က သူဌေးမကြီးဒေါ်အေးသစ်က အလွန်ချစ်လို့ မွေးစားဖူးတယ်ဆိုတာ က အစ ဒေါ်ခင်မေသန်းအကြောင်းကို မန္တလေး က လူတွေ ကောင်းကောင်းသိကြပါတယ်။ ဂျပန်ခေတ် ရန်ကုန်ဆေးရုံကြီးမှာ ၁၉၄၄ ခုနှစ်က သူနာပြုဆရာမအဖြစ်လုပ်ခဲ့တဲ့ ဒေါ်ခင်မေသန်းဟာ စစ်ပြီးခေတ်မှာတော့ အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ကို သွား ရောက်ပြီး သူနာပြုအတတ်ပညာသင်ကြား ဖို့ အစိုးရရဲ့ နိုင်ငံခြားပညာတော်သင်ဆု ရရှိ ခဲ့ပါတယ်။ ဒေါ်ခင်မေသန်းက ၁၉၆၇ ခုနှစ်မှ ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ သူနာပြုအသင်းကြီးရဲ့ နာယကကြီး အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဒေါ်ခင်မေသန်းဟာ အိမ်ထောင် ၂ ဆက်ရှိပြီး ပထမအိမ်ထောင် (ဒေါက်တာတောင်ကြီးလို့ ဆိုကြပါတယ်)နဲ့ ဒေါ်လဲ့လဲ့ဝင်း၊ ဒေါ်သီတာဝင်း၊ ဒေါ်သော်တာ ဝင်း တို့ ထွန်းကားပြီး ဒုတိယအိမ်ထောင် ဦးနေဝင်းနဲ့ ဒေါ်စန္ဒာဝင်း၊ ဒေါ်ကြေးမုံဝင်း၊ ဦးဖြိုးဝေလင်းတို့ ထွန်းကားခဲ့ပါတယ်။

သမ္မတကတော်အားလုံးထဲမှာ ထူးထူးခြားခြားကြီးဖြစ်နေသူကတော့ ဦး နေဝင်းက စတုတ္ထဇနီးအဖြစ် လက်ထပ်ယူ ခဲ့တဲ့ သမ္မတကတော် ရတနာနတ်မယ်ပါဘဲ။ ရတနာနတ်မယ်က မန္တလေးမြို့မှာ ရတနာ နတ်မယ်လို့ ထင်ရှားပေမဲ့လို့ ကျောင်းနေဖက် သူငယ်ချင်းတွေကတော့ ဂျွန်ရို့ဘယ်လမီ လို့ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံကို လာရောက် နေထိုင်တဲ့ သြစတြီးယားနိုင်ငံသား ဟားဘတ် ဘယ်လမီနဲ့ လင်းပင်မင်းသားရဲ့သမီး လင်း ပင် ထိပ်တင်မလတ်တို့က မွေးဖွားခဲ့တဲ့ တစ် ဦးတည်းသော သမီးပါ။ ဘယ်လမီကို လင်း ပင် မင်းသမီးရဲ့ ဆွေတော်မျိုးတော်တွေက မြင်းဒိုင်ဗိုလ်ကြီးလို့ ခေါ်ခဲ့ကြပါတယ်။ လူထု ဦးလှရေးတဲ့ 'ကျွန်တော်မြင်းသမား'စာအုပ် မှာ ဘယ်လမီကို ဘွတ်ကီဒိုင်လို့ ဖော်ပြထား ပါတယ်။ ဟားဘတ်ဘယ်လမီနဲ့ လင်းပင် ထိပ်တင်မလတ်တို့ဟာ သားသမီးအဖတ်မ တင်ခဲ့ပါဘူး။ လင်းပင်ထိပ်တင် မလတ်ဟာ ၄ဝ ကျော်မှ ကံပေါ်ဆိုသလို အသက် ၄ဝ သီသီစွန်းလောက်ကျမှ ရတနာနတ်မယ် ကို မွေးဖွားခဲ့တာပါ။ နတ်ကပေးတဲ့ သမီး ရတနာလေးဆိုတဲ့ အဓိပ္ပာယ်နဲ့ လင်းပင် မင်းသားကြီးကိုယ်တိုင်က ရတနာနတ်မယ် လို့ နာမကရဏမင်္ဂလာ ချီးမြှင့်ပြီး ကင်ပွန်း တပ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဗိုလ်မှူးကြီး ဘဝနဲ့ ရှိစဉ်ကတည်းက မန္တလေး နဲ့ ပြင်ဦးလွင်မြို့တွေမှာ ရတနာနတ်မယ် ကို တွေ့မြင်ခဲ့တာပါ။ မန္တလေးသင်္ကြန်တွေ မှာ ဝင်းလိုက်မယ်သင်္ကြန်မဏ္ဍပ်ပေါ်က ရတနာနတ်မယ်ရဲ့ သင်္ကြန်အလှနဲ့ သင်္ကြန် အကက မန္တလေးသားတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ပြည်ထောင်စုသင်္ကြန် မှာတော့ အစိုးရအဖွဲ့က တခုတ်တရကျင်းပ တဲ့ သင်္ကြန်ဖြစ်လို့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ စစ်ဘက်နယ်ဘက် အရာရှိအရာခံများလည်း မန္တလေးသင်္ကြန်ပွဲ နွှဲခဲ့ကြတယ်။ မန္တလေး သင်္ကြန်ပွဲဆင်နွှဲသူများထဲက တစ်ယောက် ဖြစ်တဲ့ ဗိုလ်နေဝင်းကို အခြားပရိသတ်များ ထဲက ပရိသတ်တစ်ယောက်အဖြစ်သာ ရတနာနတ်မယ်က စိတ်ထားခဲ့ပုံရပါတယ်။ အရာရှိအရာခံတွေကြားထဲမှာ ပျော်မွေ့ဖို့ အာရုံထားလေ့မရှိတဲ့ ရတနာနတ်မယ်ဟာ မောင်ရင်းနှမလို ခင်မင်နေတဲ့ ကိုမြမောင် (စာရေးဆရာ သော်တာဆွေရဲ့ နာမည်ကျော် ဇာတ်လိုက်ကြီး 'ငွေကို လေလိုသုံးသူ' မိုး ကုတ် ဦးမြမောင်)တို့လို မိတ်ဆွေများနဲ့ တင်း နစ်ကွင်းသွားမယ်၊ ကစားမယ်၊ စားမယ် လောက်ကိုပဲ အာရုံရှိတာပါ။ တစ်ခါတစ်ရံ တော့လည်း မိခင် လင်းပင်ထိပ်တင် မလတ်ရဲ့ အစ်ကိုတော် လင်းပင်ထိပ်တင်လတ်ရဲ့ သမီး များဖြစ်တဲ့ လင်းပင်တင်တင်မကြီး (စက်ရှင် မင်းကြီး ဦးထွန်းဖေ ဇနီး)နဲ့ လင်းပင် တင်တင် မလတ်တို့ကို အဖော်လုပ်ပြီး နေပါတယ်။ ဘကြီးတော် လင်းပင်ထိပ်တင်လတ်က ရွှေ ပြည်ခင်ခင်ကြီး လက်ဆက်ပြီး သားသမီး ၆ ဦး ထွန်းကားခဲ့ပါတယ်။ ရတနာနတ်မယ်နဲ့ တဝမ်းကွဲတော်တဲ့သူတွေပါ။ အဲဒီ တစ်ဝမ်း ကွဲ မောင်နှမတွေက လင်းပင်တင်တင်မကြီး၊ လင်းပင်တင်တင်ကြီး၊ လင်းပင်တင်တင်လတ်၊ လင်းပင်တင်တင်မလတ်၊ လင်းပင်တင်တင် ကလေး၊ လင်းပင်တင်တင်မလေးတို့ ဖြစ်ကြ ပါတယ်။ ဘကြီးတော်က မွေးတဲ့ ညီမဝမ်းကွဲ ၃ ဦးရှိပေမယ့် လင်းပင်တင်တင်မလေးက စောစောစီးစီးကံတော်ကုန်သွားလို့ ကျန်တဲ့ အစ်မ ၂ ယောက်နဲ့ပဲ ရတနာနတ်မယ်က နေ ရတာပါ။ လင်းပင်တင်တင်မကြီးနဲ့ကလည်း အသက်အရွယ် အလွန်ကွာခြားတာကြောင့် သိပ်ပြီးအတူမနေဖြစ်ဘဲ လင်းပင်တင်တင် မလတ် (ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးအသင်း မန္တလေးတိုင်းအတွင်းရေးမှူး လုပ်သွားတဲ့ ဦးတင်မောင်ဦးရဲ့အမေ)နဲ့ပဲ နေ တာများပါတယ်။

ရတနာနတ်မယ်က ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှာ မိသားစုနဲ့ အတူ အိန္ဒိယနိုင်ငံကို သွားရောက်နေထိုင်ခဲ့ ပါတယ်။ ရတနာနတ်မယ်ဟာ စစ်ပြီးတဲ့အခါ မြန်မာနိုင်ငံကို ပြန်လာပေမယ့် နှစ်ကြာကြာ မနေလိုက်ဘဲ နီပေါနိုင်ငံမှာ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ တာဝန်ထမ်းဆောင်နေတဲ့ အီ တလီလူမျိုး ဆရာဝန်တစ်ယောက်နဲ့ လက် ထပ်ပြီး နီပေါနိုင်ငံကို လိုက်သွားခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ အာရှနိုင်ငံများ အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံ များကို လှည့်လည်နေထိုင်ပြီး သား ၂ ဦး ထွန်းကားခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာ ဥရောပကို သွား ရောက်လည်ပတ်တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ ပြန်လည်တွေ့ဆုံရာမှာ ဗိုလ်ချုပ်နေဝင်းက မြန်မာနိုင်ငံကို ပြန်လာဖို့ပြောပေမယ့် ရတနာ နတ်မယ်က လက်မခံခဲ့ပါဘူး။ ဒါပေမယ့် နောက်တစ်ခါ ဥရောပခရီးစဉ်မှာတော့ ဗိုလ်ချုပ်နေဝင်းက ရတနာနတ်မယ်ကို လက် ထပ်ခွင့်တောင်းတဲ့အခါမှာတော့ ရတနာ နတ်မယ်က လက်ခံခဲ့ပါတယ်။

 အဲဒီ ကာလ တုန်းက ဗမာပြည်က အပြီးတိုင် ထွက်ခွာ  သွားသူများအဖို့ ဗမာပြည်ကို ပြန်လာဖို့ဆိုတာ စည်းမျဉ်းစည်းကမ်း တွေ အရ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရတနာ နတ်မယ်က သြစတြီးယား-မြန်မာ ကပြား ဖြစ်ပြီး နိုင်ငံခြားမှာ အခြေချနေထိုင်သူဖြစ် လို့ ပြည်တော်ဝင်ရေးဟာ အခက်အခဲရှိပါ တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းက ဖိနပ်နဲ့ခြေထောက်မတော်ရင် ခြေထောက် ကို ဖြတ်မပစ်ဘဲ ဖိနပ်ကို သင့်တော်အောင် ပြင်တဲ့လူပါ။ ၁၉၅၈ခုနှစ်မှာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ အရ၊ ၆ လထက်ပိုပြီး ဝန်ကြီး ချုပ် လုပ်ခွင့်မရှိပါဘူး။ ဗိုလ်ချုပ်ကြီး နေဝင်း ကတော့ ၆ လထက်ပိုပြီး ဝန်ကြီးချုပ် ဆက် လုပ်လို့ရအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့ လွှတ်တော်ကို သိမ်း သွင်းနိုင်ခဲ့ပါတယ်။

 ဒီလိုပါပဲ နိုင်ငံခြားမှာ အမြဲနေတဲ့ ရတနာနတ်မယ် ပြည်တော်ဝင် နိုင်ရေးမှာ ဝင်လမ်းသားပြီး လာလမ်းဖြောင့် စေဖို့ အဟန့်အတားဖြစ်နေတဲ့ စည်းမျဉ်း စည်းကမ်းတွေကို အဲဒီတုန်းက ပြည်ထဲရေး ဝန်ကြီး ဦးကိုကို ကို ရှင်းလင်းခိုင်းခဲ့လို့ ဦး နေဝင်းနဲ့ ရတနာနတ်မယ်တို့ဟာ ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ မှာ လက်ထပ်နိုင်ခဲ့ပါ တယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီး ခမျာ ပင်ပန်းရကျိုး သိပ်မနပ်ခဲ့ပါဘူး။ ဦးနေဝင်း နဲ့ ရတနာနတ်မယ်တို့ရဲ့ အိမ်ထောင်ရေး ဟာ စလယ်ဝင် ဖင်မမဲခင်က ကွဲဆိုသလို ၅ လသာ ပေါင်းသင်းလိုက်ရပြီး ရှင်ကွဲကွဲ ခဲ့ကြပါတယ်။

ဆောင်းပါး၇ှင်-မခေသူ

မြနန္ဒါဂျာနယ်၊ အတွဲ-၂၊ အမှတ်-၂၄

Post a Comment

 
Top