0
ရန်ကုန်  ဇွန်  ၂၅
မြန်မာ နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် စင်ကာပူ စံချိန်စံညွှန်း အတိုင်း ဟိုတယ် လုပ်ငန်းနှင့် စီးပွားရေး ဒီပလိုမာများ သင်ယူ လေ့လာနိုင်မည့် Te- masek International College (TIC) ကျောင်းသစ် မိတ်ဆက်ပွဲ အခမ်းအနား ကို အမှတ် (၅၆/ဗ) ဖိုးစိန်လမ်း တာမွေ မြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌  ''မြန်မာနိုင်ငံဟာ မယုံနိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာကြီးကို  ထိတွေ့ ဆက်ဆံပြီး စိတ်လှုပ်ရှားဖွယ်ရာ  ခေတ်သစ်ထဲကို ဝင်လာနေပါပြီ။ နိုင်ငံတကာ သတင်း စာမျက်နှာတွေ မှာလည်း မျက်နှာပန်း ပွင့်လန်းနေပြီး ကနေ့ မြန်မာနိုင်ငံ အခြေအနေဟာ ခဏချင်း ပျောက်ကွယ်သွားမယ့် တိုးတက်မှုမျိုး မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံ သင့်တဲ့ အနာဂတ်ကောင်း ရှိနေပြီလို့ ကျွန်တော် ယူဆပါတယ်။ မြန်မာ နိုင်ငံရဲ့ တိုးတက် ဖြစ်ထွန်း လာမှု တွေဟာ ကျွန်တော်တို့ကို စိတ်လှုပ်ရှား စေပါတယ်။
ကျွန်တော်တို့ SDH အဖွဲ့ကလည်းပညာရေးကို ယုံကြည်ကြတဲ့ သူများ ဖြစ်ပါတယ်။ တစ်ဦး တစ်ယောက် အတွက် ပညာရေးဟာ ဘဝကို များစွာ တိုးတက် စေသလို နိုင်ငံ တစ်ခု ဖွံ့ဖြိုး အောင်မြင်ဖို့ ပညာရေးဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒါကြောင့် Temasekနိုင်ငံတကာ ကောလိပ်ကို တည်ထောင်ခြင်းဖြင့် မြန်မာ လူမျိုးများ အတွက် နိုင်ငံတကာ အရည်အသွေးရှိ ပညာရေးကို မျှဝေ ပေးနိုင်မယ်လို မျှော်လင့်ပါတယ်'' ဟု Temasek နိုင်ငံတကာ ကောလိပ်မှ  အမှုဆောင် ဒါရိုက်တာMr.Chia Tuck Keong က ပြောကြားခဲ့သည်။
သင်ကြားမည့် သင်ရိုး ညွှန်းတမ်းများကို သက်ဆိုင်ရာ ဟိုတယ်လုပ်ငန်း၊ စီးပွားရေး လုပ်ငန်း နယ်ပယ်များနှင့် ဆက်စပ်မှု ရှိစေရန်လည်း TIC မှ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် လက်တွဲ ဆောင်ရွက်သွားပြီး ဆောင်ရွက်နိုင်ရန် TIC လုပ်ငန်း အကြံပေး ကောင်စီကိုလည်း မြန်မာ့ စီးပွားရေး အဝန်းအဝိုင်းမှ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ ဦးစိန်ဝင်း (MICPA ကော်မတီဝင်) နှင့် Mr.Teng Cheag Thye  (စင်ကာပူ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် အမှုဆောင် လူကြီးဟောင်း) တို့ ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်သည်။
TIC  က ကျောင်းသား များကို နိုင်ငံတကာ သင်ယူ လေ့လာမှု ပုံစံအတိုင်း ဟိုတယ်လုပ်ငန်း ဆိုင်ရာနှင့် စီးပွားရေး ဆိုင်ရာ အဆင့်မြင့် ဒီပလိုမာ များကို ပို့ချ ပေးသွားမှာ ဖြစ်ပြီး စင်ကာပူမှာ ကာလတို သင်ယူနိုင်မယ့် အခွင့်အရေးမျိုး ပံ့ပိုးပေးကာ မြန်မာ နိုင်ငံမှာတော့ ဒီပရိုဂရမ် တစ်မျိုးပဲ ရှိတယ်'' လို့ TIC မှ စင်တာ ဒါရိုက်တာ Ms.Carine Le Port ကပြောကြားခဲ့သည်။ Temasek International College ဘုတ်အဖွဲ့ အနေဖြင့် ထူးချွန် ကျောင်းသားများ Temasek  မှာ ကျောင်းတက်နိုင်ဖို့ အတွက် Shanton  စကောလားရှစ် ဒေါ်လာတစ်သိန်း ပေးမည် ဖြစ်ကြောင်း သိရသည်။

Written by 

မြ၀တီ


Post a Comment

 
Top