ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ခန်းမမြင်ကွင်းကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊
အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။ပြည်သူ့လွှတ်တော်မှ မေးခွန်း ၁၀ ခု မေးမြန်းခဲ့ပြီး အမျိုးသားလွှတ်တော်မှ
မေးခွန်းငါးခု မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်မှ
မေးမြန်းခဲ့သည့်
မေးခွန်းများတွင် နိုင်ငံတော်မှ ချပေးသည့် ရန်ပုံငွေဖြင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော
ကုမ္ပဏီများက ဆောင်ရွက်သော လုပ်ငန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့
ကြီးကြပ်ဆောင်ရွက်သည်နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ရာ
အစိုးရအဖွဲ့မှ တာဝန်ရှိသူက ကုမ္ပဏီများ မလုပ်နိုင်သည့် ကိစ္စများကိုဝန်ကြီးဌာနမှ ပေါင်းစပ်လုပ်ကိုင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့ပြင် လယ်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့်
သုံးစွဲလျက်ရှိသော မြေများအား အသုံးပြုရန် (လန-၃၉)
လျှောက်ထားရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍
အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လယ်ယာမြေများကို အခြားမြေအဖြစ်
အသုံးပြုနိုင်ရန် ပြဋ္ဌာန်းဥပဒေများနှင့်အညီ လျှောက်ထားနိုင်ကြောင်း
ပြန်လည်ဖြေကြားသည်။
ထို့နောက် ဥပဒေကြမ်း အသစ်လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူလယ်သမား၏
အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းခဲ့သည်။
အမျိုးသား လွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး "ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက် ပစ္စည်းကောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို တိကျစွာ
လိုက်နာကျင့်သုံးရေးအတွက် လိုအပ်သော အစီအမံများနှင့် အရေးယူ
ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို၊
တစ်ခုတည်းသော အမျိုးသားစီးပွားရေး ၀င်ပေါက် (National Single Window)
တည်ထောင်ထားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်
ဆည်ရေပေးဝေနိုင်သည့် မြေဧရိယာများ လျော့နည်းသတ်မှတ် ဖော်ပြချက်များအပေါ်
လယ်ယာကိန်းဂဏန်းများ မှန်ကန်စေရေး ပြန်လည်စိစစ်ရန်နှင့် ပြည်ထောင်စု
အစိုးရအဖွဲ့၏ ခွင့်ပြုသဘောတူညီချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စု
အစိုးရအား တိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်။
First Eleven Media Group
Home
»
မြန်မာ့သတင်း
» လွှတ်တော် အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.