ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ
မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့်
သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း CNPC မှ ရရှိသော
သတင်းများအရ သိရှိရသည်။
"မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းက နေပြီးတော့ တစ်နှစ်မှာ ရေနံစိမ်း
တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မှာ ဖြစ်ပြီးတော့ Process Station
ငါးခုနဲ့ တန်ချိန်သုံးသိန်း အဆင့်ရှိတဲ့ ရေနံစိမ်းဆိပ်ကမ်း တစ်ခုကို
တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အနေနဲ့တော့ တစ်နှစ်မှာ
သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကနဦး
အဆင့်မှာတော့ တစ်နှစ်ကို ကုဗမီတာ ၅ ဒသမ ၂ ဘီလျံပဲ
ပို့ဆောင်နိုင်မှာဖြစ်ပြီး Process Station ၆ ခု တည်ဆောက်သွားမှာ
ဖြစ်ပါတယ်။ အဲဒီအထဲကမှ ရေနံစိမ်းတန်ချိန် နှစ်သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ
နှစ်ဘီလျံကို မြန်မာနိုင်ငံအတွက် ပေးသွားမှာပါ" ဟု မြန်မာ-တရုတ်
ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အကောင်အထည် ဖော်နေသော SEAOP
& SEAGP မှ Deputy Director ဖြစ်သူ Mr.Zhang က ပြောပြခဲ့သည်။
အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ offloading point မှာ ကျောက်ဖြူ၊
ရေနံချောင်း၊ တောင်သာနှင့် မန္တလေးတို့ဖြစ်ကြောင်းနှင့် ရေနံစိမ်း
ပိုက်လိုင်းအတွက် offloading point မှာ စကုဖြစ်ကြောင်း သိရသည်။
အဆိုပါ
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ လာမည့်ဇူလိုင်လတွင် စမ်းသပ်ပို့လွှတ်မည်
ဖြစ်ကြောင်း၊ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လာမည့်စက်တင်ဘာလတွင်
ပြီးစီးနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။
=========================================================
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း အတွက်မူ ဖြတ်သန်းခ
အနေဖြင့် ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင်
စုစုပေါင်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ ၂၂ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း
. .
==================================================================================
စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ပြည်တွင်းသုံးစွဲမှု ပမာဏမှာ
တစ်ရက်လျှင် သန်းပေါင်း ၅၉၀ mmcfd(cubic feet per day) လိုအပ်ကြောင်းနှင့်
လတ်တလောတွင် တစ်နေ့လျှင် ၂၄၀ mmcfd သာ ပေးနိုင်သေးကြောင်း၊ အလားတူ
ရေနံစိမ်း လိုအပ်ချက် တစ်နေ့လျှင် စည်ပေါင်း ၆၀၀၀၀ လိုအပ်နေပြီး
လက်ရှိအနေအထားတွင် ၂၀၀၀၀ သာ သုံးစွဲနိုင်သေးကြောင်း၊ ထို့အတွက်
မြန်မာနိုင်ငံတွင် ရှိနေသော လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး
ရရှိမှုအပိုင်းတွင် အခက်အခဲများစွာ ရှိနေသေးကြောင်းနှင့် အလားတူ
စက်မှုဇုန်များ အနေဖြင့်လည်း တစ်နေ့လျှင် ပုံမှန်အားဖြင့် လေးနာရီနှင့်
ငါးနာရီ ကြားတွင်သာ ရရှိသေးကြောင်း သိရှိရသည်။
ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံ နေပြည်တော်တွင်
ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင်
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးထင်အောင်က မြန်မာနိုင်ငံ၏
စွမ်းအင်ကဏ္ဍအား ပြန်လည် reform ပြုလုပ်ရန် လိုအပ်နေကြောင်း ပြောကြားသည်။
အဆိုပါ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း အတွက်မူ ဖြတ်သန်းခ အနေဖြင့်
ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး
တစ်နှစ်လျှင် စုစုပေါင်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ
၂၂ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
First Elevne Media Group
Home
»
စီးပွါးရေး
» မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ မြန်မာနိုင်ငံအတွက် ရရှိမည်
Related Posts
မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်
စက်မှုလုပ်ငန်း များတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ငါးထောင်ကျော်ကို ယခုနှစ် အတွင်း [...]
Mar 01, 2014ယနေ့လိုခေတ်မှာ ကိုယ်က အလုပ်မရှာပဲ အလုပ်က ကိုယ့်ကို ရှာစေဖို့ နည်းလမ်း
ရိုးရာလေးက သူငယ်ချင်းတို့ အလုပ်တွေ ရှာနေရတာ မပင်ပန်းဘူးလား။ အလုပ်က ကိုယ့်ကို ရှာစေမယ့်[...]
Feb 24, 2014စီးပွားရေး တိုးတက်အောင် ဆောင်ရွက် သူများအား ပြန်လည် ရင်းနှီးမြုပ်နှံခွင့် ပေးရန် လိုအပ်နေဟု သမ္မတသို့ ဦးတေဇ တင်ပြ
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ဖွံဖြိုးတိုး တက်ရေး အတွက် အမှန်တကယ် ဆောင[...]
Feb 22, 2014ထိုင်းနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် Sika ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်မည်
ထိုင်းနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ငန်းတစ်ခုဖြစ်သည့် Sika(Thailand)L[...]
Oct 18, 2013Apple-Samsung မူပိုင်ခွင့် တိုက်ပွဲမှာ အိုဘားမား ဘက်လိုက်ခဲ့
အိုဘားမားက ထုတ်မပြောပေမယ့် တောင်ကိုရီးယား အစိုးရတို့ကိုယ်တိုင် ထုတ်ပြောလာတဲ့ စကား ဖြစ်ပါတယ်။ ယင်း[...]
Oct 09, 2013မြန်မာ့တယ်လီကွန်း လိုင်စင်အတွက် ပြင်သစ်အခြေစိုက် Orange နှင့် တရုတ်၊ ဂျပန် ကုမ္ပဏီများကလည်း စီးပွားရေးအဖွဲ့ ဖွဲ့စည်းကာ နောက်ဆုံးအဖြေကို စောင့်ဆိုင်းနေ
တယ်လီဖုန်းသိပ်သည်းဆ နည်းပါလျက် ရှိနေသော မြန်မာနိုင်ငံတွင် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ်များ[...]
Sep 28, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.