မန္တလေး ဇွန် ၃၀
ပြင်ဦးလွင် မြို့လယ်တွင် ယနေ့နေ့လယ် ၁
နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင် ဒေသခံများ
ထံမှ သိရသည်။ ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ ပေခန့် အကွာ
ဈေးေ လး အနီး နေမင်း ဂျုံစက် အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး
ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီး တစ်ဦးနှင့် ဗိုလ်လောင်း သင်တန်းသား တစ်ဦး
ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာ မရှိအောင် စုတ်ပျက် သွားကြောင်း
မျက်မြင် တွေ့ရှိသူများက ပြောသည်။ အုန်း အသံကျယ်ကြီး ကြားရတယ်။
ကျွန်တော့်ရှေ့တင် ဖြစ်သွားတာ။ ထိခိုက်သူတွေကို လူနာတင်ကားနဲ့ ခေါ်သွားတာ
တွေ့တယ်။ တခြား ထိခိုက်တာတော့ မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို
ထိသွားတာတွေ့တယ် ဟု ပြင်ဦးလွင် ဒေသခံ ကိုနေမျိုးက ပြောသည်။
ဖိုးလပြည့်
From: Popular Myanmar News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.