0
 

ပုဂ္ဂလိကပိုင်အဖြစ် ၀ယ်ယူခွင့် ရရှိထားသည့် ရတနာပုံ ရုပ်ရှင်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းရောင်းချပြီးဖြစ်သည့် ရုပ်ရှင်ရုံများအား ရုပ်ရှင်ရုံလုပ်ငန်း သီးသန့်ပြန်လည် လုပ်ကိုင်လိုခြင်း မရှိပါက ညှိနှိုင်းဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု မြန်မာ့ရုပ်ရှင် လုပ်ငန်းတွင် ဇွန် ၂၅ရက်၌ ပြုလုပ်ခဲ့သည့် ပုဂ္ဂလိကပိုင်အဖြစ် ၀ယ်ယူလုပ်ကိုင်ခွင့် ရရှိခဲ့သည့် ရုပ်ရှင်ရုံ လုပ်ငန်းရှင်များနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူများ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပုဂ္ဂလိကပိုင်အဖြစ် ၀ယ်ယူခွင့် ရရှိထားသော ရုပ်ရှင်ရုံ ၈၇ ရုံမှ တာဝန်ရှိသူများ၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

"ရုပ်ရှင်ရုံ စုစုပေါင်း ၁၃၀ ကျော် ရောင်းချခဲ့ရာမှ ရုပ်ရှင်ရုံ ၄၀ ကတော့ ရုပ်ရှင်ရုံလုပ်ငန်း လုံးဝဆက်လက်လုပ်ကိုင်ခြင်း မပြုတော့ ပါဘူးဆိုတဲ့ နားလည်မှုနဲ့ ချုပ်ဆိုရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ရုပ်ရှင်ရုံ ၈၀ ကျော်ကတော့ ရုပ်ရှင်ရုံလုပ်ငန်း ဆက်လက်လုပ်ကိုင် ပါမယ်ဆိုတဲ့ ကတိက၀တ်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ တချို့ရုပ်ရှင်ရုံတွေ အနေနဲ့ မြို့အနေအထား၊ ရုပ်ရှင်ကြည့်ရှုနိုင်တဲ့ ပရိသတ် အနေအထားပေါ် မူတည်ပြီး ရုပ်ရှင်ရုံ လုပ်ငန်းကို တခြားသော လုပ်ငန်းများနဲ့ ပြောင်းလဲဆောင်ရွက်လို့ ရပါတယ်" ဟု အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့ပါသည်။
ယင်းကဲ့သို့ မူလ၀ယ်ယူထားသည့် ရုပ်ရှင်ရုံ မြေနေရာတွင် အခြားလုပ်ငန်းများအား ပြောင်းလဲလုပ်ကိုင်ပြီးနောက် ၀ယ်ယူခွင့် ရရှိသည့် မြို့၏အခြားနေရာတွင် ရုပ်ရှင်ရုံ အစားထိုး လုပ်ကိုင်လိုသူများအား စီမံကိန်း လုပ်ငန်းစဉ်ကို တင်ပြရန်နှင့် မိမိတို့ ၀ယ်ယူထားသည့် ရုပ်ရှင်ရုံ နေရာတွင်ပင် ရုပ်ရှင်ရုံငယ်များ ပါဝင်သည့် အခြားလုပ်ငန်းများ လုပ်ကိုင်လိုသူ များအားလည်း လုပ်ငန်းစဉ်ကို တင်ပြရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

First Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top