0
 
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်း (၁၃) ခုရှိ ခရိုင်ပြန်/ဆက် စာကြည့်တိုက် (၃၅)ခု၌ ဇွန်လနောက်ဆုံးပတ်မှစတင်၍ အင်တာနက် wifi များ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။
တနင်္ဂနွေနေ့မှ လွှဲ၍ တစ်ပတ်လျှင် (၆)ရက် ဖြစ်ပြီး နံနက် (၇)နာရီမှ  ည (၇)နာရီ အထိ အခမဲ့ အသုံးပြုနိုင်ခြင်းဖြစ်သည်။

“အစကတော့ password ခံထား သေးတယ်။ ဒီလ အလယ်လောက်က စပြီး အကုန်လုံး သုံးနိုင်ဖို့ ဖွင့်ချ လိုက်တာ။ ဒီမှာ သုံးလို့ရတာ မသိကြတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လာသုံးကြသေးတယ်။ ဖွင့်ပွဲ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ ညှိုတော့ မညှိုရသေးဘူး”
ဟု ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နှင့် ခရိုင်အုပ်ချုးပ်ရေးမှုး ရုံးတို့မှ အခမဲ့ wifi သုံးနိုင်ရန် စက်နှင့် ဆက်စပ် ပစ္စည်းများ ပံပိုးပေးခဲ့ပြီး ခရိုင်ပြန်ဆက်ရုံးမှ အဆောက်အဦးနှင့် အခြားမွန်းမံကုန်ကျ စရိတ်များကို ကျခံရမည်ဟု သိရသည်။
“ရန်ကုန်တောင်ပိုင်းနဲ့ အနောက်ပိုင်း ခရိုင်တို့က ADSL လိုင်းနဲ့ဆိုတော့ ဖုန်းလိုင်းမကောင်းရင် လိုင်းမကောင်း ဘူးပေါ့။ wifi သုံးတဲ့ စရိတ်ကို ရုံးက ဖုန်းဘေလ်ထဲကပဲ ကျခံတယ်။ စာကြည့်တိုက်ထဲမှာပဲ သုံးလို့ရတာ မဟုတ် ဘူး။ ၀ိုင်ဖိုင်မိတဲ့နေရာတွေ အားလုံးမှာ သုံးလို့ရပါတယ်။”
ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှ ဦးစီး အရာရှိ ဦးလှမျိုးအောင်က ပြောသည်။
ခရိုင်ပြန်/ဆက် စာကြည့်တိုက်များတွင် အင်တာနက် wifi အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှ စ၍ လျှို့ဝှက်နံပါတ် (password) ဖြင့် အသုံးပြုနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် password များ ဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ်လပ်လပ် အသုံးပြုစေရန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။
“wifi သုံးတာက မြို့ကြီးတွေမှာ ရှိတဲ့ ဈေးဝယ်စင်တာတို့ ကော်ဖီဆိုင်တို့မှာပဲ သုံးလို့ရတာ။ အခု ပြန်ဆက်က လုပ်ပေးတာ နယ်တွေပါ ပါတယ်ဆိုတော့ ကောင်းတယ်။ လိုင်းကောင်းဖို့ပဲ လိုတာ။ နိုင်ငံတကာမှာဆို wifi free လွင့်ပေးထားတဲ့ နေရာတွေ အများကြီးပဲ။ အခုလိုဌာနဆိုင်ရာတွေမှာ သုံးလို့ရတော့ အဆင်ပြေတာပေါ့။”
ဟု အလုံမြို့နယ်တွင် နေထိုင်သူ အသက်(၂၂)နှစ်အရွယ် မကျော့ကေခိုင်မှ ပြောသည်။
ခရိုင် ပြန်/ဆက် စာကြည့်တိုက်ရှိသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ကယားတွင် လွိုက်ကော်၊ ကရင်တွင် ဘားအံ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်တွင် စစ်တွေ၊ ရှမ်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ နှင့် စစ်ကိုင်းတွင် မုံရွာ၊ တနင်္သာရီတွင် ထားဝယ်၊ ပဲခူးတိုင်းတွင် ပဲခူး၊ ပြည်၊ တောင်ငူ၊ မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး၊ မိတ္ထီလာ၊ မကွေးတိုင်းတွင် မကွေး၊ ရန်ကုန်တိုင်းတွင် အရှေ့ပိုင်း သင်္ဃန်းကျွန်း၊ အနောက်ပိုင်းတွင် ကျောက်တံတား၊ ပန်းဆိုးတန်း (e-library)၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ တောင်ပိုင်းတွင် သန်လျှင်၊ ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သတ၊ ဖျာပုံ၊ လပွတ္တာ၊ နေပြည်တော် ကောင်စီနယ်မြေတွင် ဒက္ခိဏသိရိခရိုင်ရှိ ပျဉ်းမနား ပြည်သူ့စာကြည့်တိုက်တို့ ဖြစ်သည်။
ကျန်ရှိသည့် ပြန်/ဆက် ခရိုင်စာကြည့်တိုက်များ၌လည်း အင်တာနက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ရွှေစင်စုလတ် (မြစ်မခ)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top