0
 
၂၀၁၃ မော်ဒယ် အဖြစ် အသစ်ဆက်ဆက် ထွက်ရှိလာတဲ့ သုံးဘီးကား ဖြစ် ပါတယ်။ ကနေဒါနိုင်ငံထုတ် ပါ။ ကမ္ဘာမှာ ထူးထူးခြားခြား အမျိုးအစား တစ်ခုတည်း ဆိုတော့ တော်တော်ရေပန်းစားတဲ့ကား ဖြစ်ပါတယ်။


မြန်မာပြည်သာ ရောက်ရင် သူ့အတွက် ဘယ်လိုလိုင်စင် ထုတ်ပေးရမလဲ မသိပါဘူး။ ကားလည်းမဟုတ်၊ ဆိုင်ကယ်လည်း မဟုတ်သလိုပါ။ သို့ပေမယ့် နိုင်ငံတကာ အများစုမှာ တော့ သူ့ကို ကားတစ်စီးလိုပဲ သတ်မှတ်ပါတယ်။ အင်ဂျင်ပါယါ ၁၆၀၀ စီစီ I ခြောက်လုံး အင်ဂျင် ကို အသုံးပြုပြီး ထုတ်နိုင်တဲ့ မြင်းကောင်ရေ အားကတော့ ၁၆၀ hp ရှိပါတယ်။

ဂီယာ ကတော့ ၇ ချက်ထိုးပါ။ အမြန်ဆုံး တစ်နာရီ မိုင် ၁၂၄ မောင်းနိုင်တယ် ဆိုတော့ အတော်လေး ခရီးရောက်မယ့် ကားမျိုးပါပဲ။ အသုံးပြုတဲ့ ပစ္စည်းတွေအတွက်လည်း အာမခံ ထားပါတယ်။ အလေးချိန်စုစုပေါင်းပေါငင် ၁၁၀၀ ပဲ ရှိတယ်ဆိုတော့ ပေါ့ပါးအောင် သတ္တုဖိုက်ဘာကို အများအပြား အသုံးပြု ပါတယ်။

လူ နှစ်ယောက်စီး ကားပါ။ အမိုးပါပေမယ့် လုံမယ့်ပုံ မပေါ်ပါဘူး။ ဘေး မှာ တံခါး မပါပါဘူး။ သို့ပေမယ့် ဘောင်မြင့်တော့ ခပ်ကြမ်းကြမ်းမောင်း လည်း ထွက်ကျစရာ အကြောင်း မရှိပါဘူး။ T-Rex လို့ အမည်ပေးရတဲ့ အကြောင်းအရင်းက ဒိုင်နိုဆောနဲ့ တူလို့ပါ တဲ့။ တူမတူတော့ မသိပါဘူး။ ကားကတော့ သေးသေးနဲ့ မြန်မြန် သွားနိုင်တာတော့ သေချာပါတယ်။

၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ပြီး ၂၀၀၅ ခုနှစ်ကစလို့ Generation အသစ် ဖြတ်သွားပါတယ်။ ယခင် ထုတ်နေကျ သုံးဘီး T-Rex ထက် ဒီဇိုင်းအပိုင်းမှာ အများကြီး ထူးခြားသွားတာကို တွေ့မြင် နိုင်ပါတယ်။

ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၀၀၀ ဝန်းကျင်နဲ့ ဥရောပ၊ အမေရိကမှာ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။
--
Ref: autoblog




Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top