တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများအနက် လက်ရှိ ဆောင်ရွက်နေသည့်
စီမံကိန်းမြေများမှအပ ကျန်လယ်ယာမြေ အားလုံးကို ဇူလိုင်လအတွင်း မူလ
ပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှု စုံစမ်းစစ်ဆေးရေး ကော်မတီဝင်
ဦးလှဆွေက ပြောကြားသည်။
တပ်မတော်က သိမ်းယူထားခဲ့သည့် လယ်ယာမြေများကို မူလပိုင်ရှင်များထံ
ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇွန်လ ၂၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှု စုံစမ်းစစ်ဆေးရေး ကော်မတီသို့
ကတိပြုထားကြောင်း ၎င်းက မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်က သိမ်းဆည်းခဲ့သည့် လယ်ယာမြေများပေါ်တွင်
စီမံကိန်း လုပ်ဆောင်ခြင်း မရှိပါက မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်ရန်
ညွှန်ကြားထားပြီး ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးမှ
တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က အမျိုးသား လွှတ်တော်တွင်
ပြောကြားအပြီး ငါးလအကြာတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ယင်းသို့ ထပ်မံ ကတိပြုခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များက ပြောကြားသည်။
“လယ်တွေ ပြန်ရဖို့ဆိုရင် အရေးကြီးတာ ပြေစာပြနိုင်ဖို့ပါ။ အဲ့ဒါတော့
ဟိုးတစ်ကျပ်နှစ်ကျပ် ခေတ်ကတည်းက သွင်းထားတဲ့ ပြေစာလေးတွေ ကိုင်ထားရင်
သိမ်းခံထားတဲ့ လယ်ယာမြေ အားလုံး ပြန်ရပါမယ်” ဟု ဦးလှဆွေက ဆိုသည်။
စားနပ်ရိက္ခာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် သမ္မတ၏
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစသည့် လုပ်ငန်းများအတွက် တပ်မတော်က
သိမ်းဆည်းထားသည့် လယ်ယာမြေ များအား အမှန်တကယ် လုပ်ကိုင်နေသော
လယ်သမားများကို ပြန်လည် ပေးအပ်ခြင်းဖြင့် အထောက်အကူပြုရာ ရောက်ကြောင်း
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး
ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏
လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်က
သိမ်းယူခဲ့သော လယ်ယာမြေဧက နှစ်သိန်းကျော် ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိ မိုးဦးကာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သိမ်းဆည်းခံ
လယ်ယာမြေများပေါ်၌ လယ်သမားများက ထွန်တုံး တိုက်ပွဲများ ဆင်နွှဲလျက်ရှိကာ
လယ်ယာမြေ သိမ်းဆည်းသူများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လျက်ရှိသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားလာသည့်
တိုင်စာများတွင် လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက်သည့် တိုင်ကြားစာမှာ
တစ်နေ့လျှင် ၁၀ စောင်ထက်မနည်း ရောက်ရှိနေကြောင်း အဆိုပါကော်မရှင် ဥက္ကဋ္ဌ
ဦးဝင်းမြက ပြောကြားထားသည်။
The Voice Weekly
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.