တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွါးခဲ့တဲ့
အဓိကရုဏ်းတွေကနေ သေဆုံးသူ ၃၅ ယောက်အထိ တိုးသွားပြီဖြစ်ပါတယ်။ ဒီအဓိကရုဏ်းဟာ
နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး အကြမ်းဘက် အတိုက်ခိုက်ခံခဲ့ရတာလို့
တရုတ်အစိုးရက ပြောပါတယ်။
ရှန်ရှန်း (Shanshan) ပြည်နယ်
လုကွန်(Lukqun) မြို့နယ်မှာ မနက်အစောပိုင်းဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုကို
အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တရုတ်အစိုးရ Xinhwa သတင်းမှာ
ကြာသပတေးနေ့က ဖေါ်ပြထားပါတယ်။ အကြမ်းဖက်သူတွေဟာ ရဲစခန်းတွေ ပြည်နယ်
အစိုးရအဆောက်အဦးတွေနဲ့ ဆောက်လုပ်ရေးဝင်းတခုမှာ
ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ရဲအရာရှိ ၂ ဦးအပါအဝင် လူ ၂၄ ဦး
သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သူ
၁၁ ဦးသေဆုံးခဲ့ရပြီး အခုတော့ မြို့နယ် အာဏာပိုင်တွေက
နယ်မြေပြန်လည်တည်ငြိမ်အောင် ထိမ်းထား နိုင်ပြီလို့ဖေါ်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ Xinjiang ခရိုင်ထဲက လူနည်းစု မူစလင် Uighur ၁၆ ဦးလည်း
ပါဝင်တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
ဒေသခံတွေကတော့
အခင်းဖြစ်ပွါးပြီးတဲ့နောက်ပိုင်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်
ချထားတယ်လို့ ပြောကြပါတယ်။ Xinjiang ခရိုင်ထဲမှာ ၂၀၀၉ ခုနှစ်က Urmqui
မြို့တော်မှာဖြစ်ပွါးခဲ့တဲ့ Uighur လူနဲစုတွေနဲ့ ဒေသခံ ဟန်တရုတ်တွေကြား
လူမျိုးရေး အဓိကရုဏ်းတွေကြောင့် လူပေါင်း ၂၀၀ လောက်သေဆုံးခဲ့ချိန်ကစပြီး
အခုထိ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေပြီး ခုနောက်ဆုံး ဖြစ်ပွါးတဲ့
အဓိကရုဏ်းကတော့ လူသေဆုံးမှု အများအပြား ရှိခဲ့တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.