0
အမျိုးသားရေး တရားများ ဟောကြားခြင်း၊ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရန်  ဆောင်ရွက်ခြင်း များကြောင့် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားအောင် ဖန်တီးလှုံ ဆော်နေသည်ဟု ဝေဖန်မှုများစွာ ရင်ဆိုင်နေရသော မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ၄င်း၏ နောက်ကွယ်တွင် ကြိုးကိုင် နေသူလုံးဝ မရှိကြောင်း မိန့်လိုက်သည်။ ဆရာတော် အနေဖြင့် အထိန်းသိမ်း ခံရခြင်းမှ လွတ်မြောက် လာပြီးနောက် အမျိုးသားရေး တရားများ မဟောတော့ရန် ဆုံးဖြတ် ခဲ့သော်လည်း ရခိုင်အရေး ပေါ်ပေါက် လာချိန်တွင် မနေနိုင် ခဲ့ကြောင်း၊ ယင်းအဖြစ်မျိုး ပြည်မကြီး တွင်ပါ ဖြစ်ပေါ် လာမည်ကို စိုးရိမ်စိတ်က တွန်းအား ဖြစ်ခဲ့၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မိန့်သည်။
ဦးဇင်းရဲ့နောက်ကွယ်မှာ ဦးသိန်းစိန်လို ပုဂ္ဂိုလ်မျိုးလည်းမရှိဘူး။ ဦးအောင်သောင်းလို ဦးခင်ညွန့်လို ပုဂ္ဂိုလ်မျိုးလည်း မရှိဘူး။ ဦးဇင်းကို မောင်းနှင်နိုင်မဲ့ လူကြီးလည်း မရှိဘူး။ မောင်းနှင်နိုင်မယ့် ဘွဲ့တံ ဆိပ်လည်း မရှိဘူး။ ဒါပေမယ့် ဦးဇင်းရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ဟန့်တားနိင်မယ့် လက်ထိပ်လည်း မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ ကျည်ဆံလည်း မရှိဘူး။
အဲဒါနဲ့ပဲ ဦးဇင်းက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်နားလည် တာပါဟု ဆရာတော် ဦးဝီရသူက မိန့်ခဲ့သည်။ အင်းစိန်မြို့အောင်ဆန်း တပ်ဦးကျောင်း တိုက်၌ ကျင်းပသည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဦးဆောင်ဆရာတော်များ ညှိနှိုင်းဆွေးနွေးပွဲ တွင် ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ဆရာတော်နှင့် အစိုးရတို့ပူးပေါင်းဆောင်ရွက်နေသည်ဟူသော ဝေဖန်သုံးသပ် မှုများ အပေါ်မေးမြန်းမှုအား ယင်းသို့ဖြေခဲ့ခြင်း ဖြစ်သည်။

ရိုးရာလေး

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top