0
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
photo: AFP

လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမြင်ခြင်းမတူ သဘောထားကွဲလွဲနေတဲ့ ကောလ ဟာလ ပြောဆိုချက်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန် ကိုယ် အလေးအနက်ထား ဆောင်ရွက်သွားဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောပါတယ်။

"အမြင်ခြင်းမတူဘူး၊ သဘောထားကွဲလွဲနေတယ် လို့ ဘေးမှာ ကောလဟာလ ပြောဆိုနေ တာတွေရှိတယ်၊ တကယ်တန်းကျတော့ လွှတ်တော်က လွှတ်တော်ရဲ့လုပ်ငန်းကို လုပ်ပါတယ်၊ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအဖွဲ့က အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကို လုပ်ပါတယ်၊ အဲသလိုလုပ်တဲ့အခါမှာ အချင်းချင်းအပြန်အလှန် ထိန်းညှိဆောင်ရွက်နေခြင်း သာဖြစ်ပါတယ်၊ အဲလိုမှမလုပ်ဘူးဆိုလို့ရှိရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာတွေကို ဆန့်ကျင်နေမှာဖြစ်တဲ့အတွက် မိမိလုပ်ငန်း၊ မိမိတာဝန်ကို ပိုင်းခြားဆောင်ရွက်တဲ့နေရာမှာ ဒီလိုအခြေအနေမျိုးဟာ ဆက်လက်ပြီးဖြစ်ပေါ်နေမှာဖြစ်ပါတယ်၊ ဒါကိုသဘောထားကွဲလွဲတယ်၊ တဖက်နဲ့တဖက် ပဋိပက္ခဖြစ်တယ်ဆိုတဲ့ ဘေးပယောဂ ဘေးအမြင်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်မယ်ဆိုတဲ့အသိနဲ့ ဆောင်ရွက်သွားဖို့လိုကြောင်း လွှတ်တော်ကိုတင်ပြအပ်ပါတယ်"

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ဇွန်လ ၂၇ ရက်နေ့မှာ နောက်ဆုံးစကာတင် ရွေးချယ်မယ်လို့ သတ်မှတ်ထားပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်မှာ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို အရေးပေါ်တင်သွင်းခဲ့ပြီး ဆွေးနွေးဖို့ လက်ခံခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်မှသာ တင်ဒါခေါ်ယူခြင်း ကိစ္စတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတဲ့အတွက် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေမှာ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

VOA

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top