သမ္မတ နေရာတွင် ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်
ထားသည် ဆိုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင် ပါက၂၀၁၅
ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရ အနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း
သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့
ပြောကြားသည်။
၂၀၁၅ ရွေးကောက် ပွဲတွင် အကူအညီပေး အပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ
ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူ
ထားသော်လည်း လွတ်လပ်မျှ တမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည်
မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲ မျိုးတော့ မမျှော်လင့်ပါဘူး။
ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း တစ်ခုပါပဲ" ဟု Ms.Janelle က
ဆိုသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်
ကို တားမြစ်ထားခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုကို
အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို
ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
သမ္မတ နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်
သမ္မတဦးသိန်းစိန် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော
လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံ ပြင်
ဆင်ရေး ဥပဒေကြမ်း တင်သွင်းပေးနိုင်ကြောင်း Ms.Janelle က အကြံပြု သည်။
ရွေးကောက်ပွဲ အကူအညီ ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲ
ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်
သူမရှိကြောင်း ရုံးဝန်ထမ်းများက ဖြေကြားသည်။
ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင် ဆင်ရေး အခန်းရှိ ပုဒ်မ ၄၃၆
(က) ကို ရည်ညွှန်း၍ ပြောကြားထားသည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်
သမ္မတဖြစ်လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၊ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သုံးဦး က ဝန်ခံ ပြောကြားထားသည်။
Home
»
မြန်မာ့သတင်း
» ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့် မရှိပါက၂၀၁၅ ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည် မဟုတ်ဟုဆို
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.