0
စိတ်ကြွဆေးပြားသုံးစွဲ၍ မိဘအိမ်ကို မီးရှို့ ဖျက်ဆီးခြင်း

၂၄-၆-၂၀၁၃  တနလာင်္နေ့၊ နံနက် (၁၀း၀၀) ခန့်မှာ ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့  ၊ ကျင်သီကျေးရွာအုပ်စု၊ ကျင်သီကျေးရွာ တွင် သားဖြစ်သူ စိုင်းအိုက်စိုင်းသည် ၄င်းဇနီးနှင့် ရန်ဖြစ်ရမှ ဖခင်(ဦးစံအွတ်)ဖြစ်သူက သွားရောက် ဖြန်ဖြေရာ အဖေ ဖြစ်သူ အား ရန်ပြန်လုပ်ပြီး အိမ်ကိုမီးရှို့ မယ်ဟုပြောဆိုပြီး နေလည် (၁၁း၀၀) ခွဲခန့်တွင် ဦးစံအွတ် နေထိုင်သော နှစ်ထပ်အိမ် သို့ သွားရောက် မီးရှို့ ခဲ့ ကြောင်း သိရပါသည်။

အဆိုပါ ကျင်သီရွာတွင် ရေအလွန်ရှားပါးသဖြင့် အချိန်မီ မီးမငြိမ်းသတ်နိုင်ပဲ အိမ်ပြာကျခဲ့ပါသည်။

စိုင်းအိုက်စိုင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူဖြစ်ပြီး စိတ်ကြွဆေးပြားများ သုံးစွဲ၍ မကြာခဏ ၄င်း၏ဇနီးနှင့် အမြဲရန် ဖြစ်တတ် ကြောင်း အိမ်နီးနားချင်း တွေက Myanmar News Now ကို ပြောပါသည်။

အဆိုပါ ကျေးရွာနှင့် အနီးပတ်ဝန်ကျင် ကျေးရွာများ တွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများ အလွန်များပြားကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ဖြစ်စဉ်မျိုး ထပ်မံပေါ်ပေါက်မှာကို ရွာသားအချို့က စိုးရိမ်နေကြပါတယ်..." မူးယစ်ဆေးဝါးရောင်းတဲ့သူတွေက အရမ်းများလာတယ် သုံးစွဲသူတွေလည်း ပိုမိုများလာတယ် ရွာထဲထိတောင်လာရောင်းတဲ့သူတွေရှိတယ်..ရွာမှာက ယောက်ကျားအများစု မနက်ဆိုတောင်ယာသွားကြပြီ၊ ရွာမှာကျန်ခဲ့တာက မိန်းမ၊ အဖွားကြီး၊ ကလေးတွေပဲရှိတာ ဒါမျိုးနောက်တစ်ခါဖြစ်ရင် ရွာကုန်သွားနိုင်တယ်ဗျာ.." လို့ရွာသားတစ်ဦးက ပြောပြပါတယ်။

အဓိကတော့ မူးယစ်ဆေးသုံးစွဲသူ များလာပြီး၊ ရောင်းတဲ့သူတွေက အတင့်ရဲလာတာကြောင့် မူးယစ် ရမ်းကားမှုတွေ ဖြစ်လာတာလို့  ဒေသခံ ရွာသားတွေက Myanmar News Now ကို ပြောပါတယ်။

သစ်ထူးလွင်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top