MmYear100
သည် Androidphone များ နှင့် tablet များတွင် အခမဲ့ အသုံးပြုနိုင်သော အင်္ဂလိပ်-မြန်မာ
နှစ်တစ်ရာပြက္ခဒိန် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း မှီတင်း နေထိုင်ကြကုန်သော မြန်မာနိုင်ငံသားများသာမက၊
ပြည်ပတွင် ပညာသင်နေသူများ၊ အလုပ်လုပ်နေသူများနှင့် အခြေချ နေထိုင်ကြနေသော မြန်မာနိုင်ငံသူ/သားများတို့အတွက်အင်မတန်
လွယ်ကူ၍ အသုံးဝင်သော မြန်မာ ပြက္ခဒိန် application ဖြစ်ပါသည်။ အသုံးပြုသူများ၏တောင်းဆိုချက်နှင့်
အားပေးမှုများကြောင့် လွန်ခဲ့သော ၂၄ မေလ (ကဆုန်လပြည့်) တွင် ပိုမိုကောင်းမွန်၍ လှပသော
MmYear100 2.0 ကို ထပ်မံ ဖြန့်ဝေခဲ့သည်။
မြန်မာ Android ဖုန်းလောကတွင်လူကြိုက်အများဆုံးနှင့် အနှစ်သက်ဆုံး နှစ်တစ်ရာ ပြက္ခဒိန် ဖြစ်ပါသည်။ ခရစ်နှစ် ၁၉၀၁ မှ၂၀၁၆ ထိ ပါဝင်ပြီး၊ အင်္ဂလိပ်နှင့် မြန်မာ သက္ကရာဇ် နှစ်မျိုးစလုံး ပါဝင်သည်။ မြန်မာစာသွင်းထားရန် မလိုဘဲ ချက်ချင်းအသုံးပြုနိုင်သည်။ အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုရန်မလိုအပ်သည့်ပြင်၊ စာလုံး အကြီးအသေးကို ညှိနိုင်ခြင်းကြောင့် အလွန်အဆင်ပြေသည်။ မွေးနေ့ရှာလိုသူများ အင်္ဂလိပ်လို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ အလွယ်တကူ အမြန်ဆုံး ရှာဖွေနိုင်သည်။ချစ်သူများအတွက် စိတ်တိုင်းကျ ပုံများကို နောက်ခံထား၍ အသုံးပြုနိုင်ပါသည်။ ရုံးဝန်ထမ်းများအတွက်မြန်မာနိုင်ငံ၏ တရားဝင် ရုံးပိတ်ရက်များကို အလွယ်တကူ ကြည့်နိုင်ပြီး၊ ဥပုတ်သီလ စောင့်တည်လိုသူများအတွက်လပြည့်၊ လကွယ်ကို ကြည့်ရှူ့ရန် အရှင်းလင်းဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။
အဆင်ပြေပါစေ..
မောင်ပေါက်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.