0
သမီးဖြစ်သူကို ဖခင်အရင်းက ၁၃ ကြိမ်တိုင် အဓမ္မပြုကျင်သည်ဟုဆိုကာ ရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင် လာရောက်တိုင်တန်းမှု တောင်တွင်းကြီးမြို့နယ်တွင် ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ယင်းရဲစခန်းက သတင်းမှန်ကို ထုတ်ပြန်သည်။
ကာယကံရှင် မိန်းကလေးသည် အသက် ၁၆ နှစ် အရွယ်သာရှိသေးပြီး ၎င်းကို ဖခင်ဖြစ်သူက တောင်ယာထဲတွင် လည်းကောင်း၊ သက်ငယ်ရိတ်
သွားစဉ်တွင်လည်းကောင်း၊ နွားကျောင်းစဉ် တွင်လည်းကောင်း၊ ယာထဲရှိသစ်ပင်များ ခုတ်ထွင်စဉ်တွင်လည်းကောင်း ၁၀ ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟုရဲကိုထွက်ဆိုထားပါသည်။
၎င်းကို အဓမ္မပြုကျင့်သည်မှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မိခင်ဖြစ်သူ နေပြည့်တော်သို့ သွားခိုက် ဖခင်နှင့် သူမနှစ်ဦးတည်း အိမ်၌ ကျန်ရစ်ကတည်းက အစပြုခဲ့ခြင်းဖြစ်ပြီး မိခင်မရှိသည့် ထို ၃ ရက်ကာလအတွင်း သုံးကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲစခန်း၌ ထွက်ချက်ပေးထားသည်။
ထိုကိစ္စများကို မည်သူ့ကိုမျှမပြောရန်နှင့် ပြောလျှင်သတ်မည်ဟု ဖခင်က ခြိမ်းခြောက်ထားသဖြင့် မိန်းကလေးငယ်က ထုတ်ဖော်မပြောခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းများတွင်တွေ့ရသည်။ သို့သော် နောက်ဆုံးတွင်မိန်းကလေးငယ်က မိခင်ဖြစ်သူအား ဇွန်လ ၁ ရက်တွင် ယင်းဖြစ်ရပ်များကို ဖွင့်ပြောလိုက်သဖြင့် မိခင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်တိုင်တန်းပြီး ထိုမှတစ်ဆင့် ရဲစခန်းတွင် အမှုဖွင့်လိုက်ဖြင်းဖြစ်သည်။
မိခင်ဖြစ်သူအား ဇွန်လ ၁ ရက်ကတည်းက ဖွင့်ပြောခဲ့သော်လည်း ကျူးလွန်သူမှာ ဖခင်အရင်းဖြစ်နေခြင်းကြောင့်လည်းကောင်း၊ ရဲစခန်းနှင့် ၎င်းတို့ နေထိုင်သည့် ကျေးရွာမှာ ဝေးကွာသဖြင့်လည်းကောင်း တိုင်တန်းရန်နောက်ကျခဲရဖြင်းဖြစ်သည်ဟုလည်း ကာယကံရှင်တို့က ရဲစခန်း၌ ပြောကြားသွားခဲ့ကြောင်း ရဲမှတ်တမ်း တွင်တွေ့ရသည်။
ယင်းကိစ္စနဲ့ ပတ်သက်၍ ရဲစခန်းသို့ တိုင်တန်းပြီး နာရီပိုင်းအတွင်းပင် သမီးရင်းအား အဓမ္မပြုကျင့်သူအဖြစ် စွပ်စွဲခံရသူကို သက်ဆိုင်ရာရဲက ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိသည်ဟု ဇွန်လ ၇ ရက်နေ့ထုတ် မဇ္ဈိမ သတင်းစာတွင်ရေးသားဖော်ပြပါရှိသည်။
Myanmar Daily News

Post a Comment

 
Top