0
မကြာသေးမှီကဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခဖြစ်စဉ်များနောက်ပိုင်း မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုး များမပျောက်စေရန်ရခိုင်ပြည်နယ် ၏နယ်စပ်များဖြစ်သောဘူးသီးတောင် နှင့်မောင်တောဒေသများတွင်နေ ထိုင်သောဘင်္ဂါလီမိသားစုများအတွက် တစ်အိမ်ထောင်လျှင်ကလေးနှစ်ဦး မူဝါဒကျင့်သုံးမှုတွင်ဒေသန္တညွှန် ကြားချက်များကိုလိုက်နာရမည် ဖြစ်ပြီးမလိုက်နာပါကမြန်မာနိုင်ငံ တွင်မနေထိုင်သင့်တော့ပါကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ပြောကြားချက် အရသိရသည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့ များဖြစ်သောဘူးသီးတောင် မောင်တောမြို့များတွင်ဘင်္ဂါလီ လူဦးရေထိန်းချုပ်ရေးအတွက် ၁၉၉၂ခုနှစ်တွင်ယင်းမှုဝါဒအား ပြဌာန်းထားခဲ့သော်လည်းလိုက်နာ ကျင့်သုံးခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့တစ်အိမ်ထောင်လျှင် ကလေး၂ဦးမှုဝါဒအားဘင်္ဂါလီ လူဦးရေတိုးပွားနှုန်းမြင့်မားသည့် ဘူးသီးတောင် မောင်တောမြို့ နယ်များတွင်ကျင့်သုံးရန်ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
““နိုင်ငံတကာကလူတွေက ပြောနေကျတယ်။ကျွန်တော်တို့ နိုင်ငံကလူနည်းစုဝင်တွေပေါ်မှာ ဖိနှပ်တယ်လို့ပြောတယ်။အဲ့တာ လုံးဝမဟုတ်ပါဘူး။ယခုလက်ရှိ ရခိုင်ပြည်နယ် နယ်စပ်ဘူးသီး တော် မောင်တောမှာဘင်္ဂါလီ လူမျိုး၉၈ရာခိုင်နှုန်းမှာတိုင်းရင်းသား က၂ရာခိုင်နှုန်းအဲဒီနေရာမှာရှိတယ် သူတို့တွေက ကလေးတွေကို အများကြီးမွေးတယ်။ပြီးတော့မ ကျွေးနိုင်၊မမွေးနိုင်၊ပညာလည်းမသင် ပေးနိုင်ဘူးဖြစ်တော့တစ်ဖက်က လူမျိုးတွေနဲ့အိမ်ထောင်ပြုကြတယ်။ ဒါကြောင့်မြန်မာပြည်ရဲ့တိုင်းရင်း သားလူမျိုးတစ်စုမပျောက်အောင် လို့တော့တစ်အိမ်ထောင်လျှင် ကလေး၂ယောက်နှုန်းကတော့ ထုတ်ပြန်ရမှာပါပဲ။ဒါကိုမှမလိုက် နာနိုင်ရင်လက်မခံရင်ဒီနိုင်ငံမှာ မနေကြပါနဲ့အခြားသင့်တော်ရာ နေရာမှာနေကြပါ။””ဟုရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကဖုန်းနှင့်ဆက် သွယ်မေးမြန်းမှုအားပြောကြားခဲ့ သည်။
မြန်မာနိုင်ငံသည်ဖွံ့ဖြိုးမှု နောက်ကျခြင်းကြောင့်အခြား နိုင်ငံကြီးများနှင့်ယှဉ်ကြည့်ပါလျှင် နိုင်ငံတကာနှင့်နည်းတူလူ့အခွင့် အရေးပေးထားပြီးဖြစ်တဲ့အတွက် ထက်၍တောင်းဆိုရန်မသင့်တော့ ပါကြောင်းနိုင်ငံတစ်ခုတွင်နေပါက နိုင်ငံ၏ဥပဒေလုပ်ထုံးလုပ်နည်းများ အမိန့်များကိုနာခံရမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ပြောကြား ချက်အရသိရသည်။


ဖြိုးအောင်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top