ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး
မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ၀င်ရောက်ခြင်းဟာ
နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ထိတွေ့နိုင်ရန်
ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။
ဒီနေ့ညနေပိုင်းက
ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့
ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို
မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က
မြစ်ကြီးနားမြို့ မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။
အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့..
"လူထုနဲ့ထိတွေ့ချင်လို့
နယ်မြေကျွမ်းကျင်အောင် ဆိုပြီးတော့မှ သူတို့လှုပ်ရှားတာရှိတယ်ပေါ့၊ အဲဒါကို
ဆွေးနွေးပွဲတုန်းက ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့လည်း ဆွေးနွေးပြီးသားဖြစ်တယ်၊
အဲဒါကြောင့် သူတို့က အကြောင်းကြားပြီးတော့မှ သွားတာပါလို့ ပြောပါတယ်ခင်ဗျ၊
လက်နက်ကြီးပစ်တဲ့ကိစ္စကို ဘာမှမရှင်းပြပါဘူး"
အောက်တိုဘာ ၂၂ရက်နေ့က
မုန်းတင်ပါစခန်းကို လက်နက်ကြီးများပစ်ခတ်ပြီး ၀င်ရောက်ခဲ့တာဖြစ်သလို
စခန်းကအမျိုးသား ၁၀ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒုက္ခသည်များကို
ကူညီစောင့်ရှောက်နေသူတွေကပြောပါတယ်။ တိုင်းမှုးနဲ့တွေ့ဆုံစဉ်
ဖမ်းထားသူများနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ၂ ဦးကိုပြန်
လွှတ်ပေးပြီးဖြစ်တယ်လို့ တိုင်းမှူးကပြောဆိုကြောင်း ဦးဆန်းအောင်
ကပြောပါတယ်။
RFA Burmese
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.