အောက်တိုဘာ ၂၂ ရက် ၂၀၁၃
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်
ဟိုမိန်းမြို့နယ်ခွဲအခြေစိုက် အစိုးရတပ်က သေနတ်အော်တိုဆွဲပစ်ခတ်မှုကြောင့်
နယ် စပ်နေဒေသခံများ စိုးရိမ်ထိပ်လန့်ကြကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ
၂၁ ရက် မွန်းလွဲ ၂ : ၁၅ နာရီအချိန်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်
ရတ်ထိုင်း ရွာ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ် ၁ ကီလိုအကွာ
သျှမ်းပြည်တောင်ပိုင်း ဟိုမိုင်းမြို့နယ်ခွဲ
မယ့်အောကျေးရွာအုပ်စုဘက်လှုပ်ရှားသည့် အစိုးရတပ် ခလရ ၂၈၇ က ကျည်တကတ်ခန့်
အော်တိုဆွဲ ပစ်ခတ် ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“အစိုးရတပ်က ဟိုဟ
နဲ့ နမ့်ပေ့ ရွာကြားမှာ လုံခြုံရေးလာချရင်း ပစ်တာ။ ဘယ်တပ်ဖွဲ့မှ သွားလာ
လှုပ်ရှားတာ မရှိဘူး။ သေ နတ်သံကြောင့် တိုက်ပွဲထင်ပြီး ကျမတို့က ရွာကနေ
ထွက်ပြေး တော့မလို့၊ သေချာနားထောင်ကြည့်တော့ ပစ်ခတ်သံက တ ဘက်တည်းဖြစ်နေတယ်။
အကြိမ် ၂၀ ကျော် တယ်။ အသံက ဆက်တိုက်ဘဲ” - ထိုင်းနယ်စပ် ဘန့်ရတ်ထိုင်း
ဒေသခံတဦးက ပြောပါသည်။
အစိုးရတပ်ကိုင်ဆောင်သည့်သေနတ်များတွင် ကျည်ကတ်
တကတ်လျှင် အမျိုးအစားအလိုက်ကျည်ဆံ ၂၅ တောင့် မှ ၃၀ တောင့်အထိ ရှိသည်ဟု
နီးစပ်သည့်သူများကပြောသည်။
“သူတို့ ပစ်တဲ့နေရာက ကျနော်တို့
တပ်စခန်းရဲ့ တောင်ခြေ အောက်နားမှာဘဲ။ သူတို့ ရှိတယ်ဆိုတဲ့ အကြောင်း အချက်ပြ
တာလား၊ ဘာလဲတော့မသိဘူး၊ သေနတ်သံကြားတော့ ကျနော်တို့ကို ချပြီလားပေါ့ ၊
စစ်ရေးအသင့်အနေအထားတော့ ပြင်ထားရတယ်” - ဟု RCSS အရာရှိတဦးက ပြောသည်။
အဆိုပါဒေသတွင်
သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ဝ အမျိုးသားတပ်မတော် WNA ၊ ပအိုဝ်း
အမျိုးသားလွတ်မြောက်ရေး တပ်တော် PNLA တို့ အခြေစိုက် နေထိုင်ကြသည်။
အောက်တိုဘာ
၆ ရက် က သျှမ်းပြည်တပ်မတော် အမှတ် ၆ စစ်ဒေသ လက်အောက်ခံတပ်ဖွဲ့က အစိုးရ တပ်
ခလရ ၂၈၇ ဗိုလ်ကြီးကျော်သူရ ဦးဆောင်သည့် စစ်ကြောင်းနှင့် အဆိုပါဒေသအတွင်း
ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးသည်။ တိုက်ပွဲအပြီး
လယ်ဆင်းနေသည့် ဒေသခံ နှစ်ဦးအား အဆိုပါ တပ်က သေနတ်ဖြင့် လှမ်းပစ်သောကြောင့်
အသက်လုထွက် ပြေး ရသေးသည်ဟု ဒေသခံများကပြော သည်။
သျှမ်းသံတော်ဆင့်
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.