နိုင်ငံခြားငွေ လက်မှတ်
Foreign Exchange Certificate(FEC)များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း
ဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က
နှိုးဆော်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်သည် ပြည်သူများ လက်၀ယ်ထားရှိ ပိုင်ဆိုင်သော နိုင်ငံခြားငွေ လက်မှတ်များ ပြန်လည်ရွေး
နှုတ်ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကနဦး သတ်မှတ်ကာလဖြစ်သည့် ၂၀၁၃
ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ရက်အထိ ကာလ၌ နိုင်ငံခြားငွေ လက်မှတ်လဲလှယ်သူများ၏
ဆန္ဒနှင့် အညီ အပ်နှံလဲလှယ်နိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း
ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ အပ်နှံလဲလှယ်ပေးခဲ့သည့်
အစီအစဉ်များမှာ နိုင်ငံခြားငွေ လဲလှယ်သူစာရင်း ဖွင့်လှစ်ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာ
ငွေစာရင်းသို့ ထည့်သွင်းပေးခြင်း (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ငွေသားထုတ်ပေးခြင်း၊
FEC လဲလှယ်သူအမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာ နိုင်ငံခြားငွေ စာရင်းအသစ်ဖွင့်လှစ်ထည့်သွင်းခြင်း၊
ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်းကို အခြေခံသော ငွေလဲကောင်တာများ၏
နိုင်ငံခြားငွေ၀ယ် ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက်ရရှိသော ကျပ်ငွေကို FEC လဲလှယ်သူ
ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊ ယင်း၏ အမည်ဖြင့် သက်ဆိုင်ရာက ဘဏ်၌
ကျပ်ငွေစာရင်း အသစ်ဖွင့်လှစ်ထည့်သွင်းခြင်း (သို့မဟုတ်) ကျပ်ငွေဖြင့် ငွေသား ထုတ်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ဗဟိုဘဏ်၏
ထုတ်ပြန်ချက်၌ နိုင်ငံခြားငွေလက်မှတ်များကို ကနဦး သတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့်
အပ်နှံလဲလှယ်နိုင်ခြင်း မရှိသူများသည် ကနဦးကာလအတွင်း မဆောင်ရွက်နိုင်ခြင်းအတွက် ခိုင်လုံသော
အကြောင်းပြချက်ရေးသားဖော်ပြ တင်ပြကာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ရက်မှ ၂၀၁၄ ခုနှစ် မတ်လ
၃၁ ရက်အထိ နိုင်ငံခြားငွေများ ရောင်း၀ယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များတွင်
အပ်နှံလဲလှယ်နိုင်ကြောင်း အသိပေးကြေညာပြီး ဖြစ်ကြောင်းပါ၀င်သည်။
သို့ဖြစ်၍ နိုင်ငံခြားငွေများ
ရောင်း၀ယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေ လက်မှတ် အပ်နှံလဲလှယ်ခြင်းကို
အထက်ဖော်ပြပါနည်းများဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယင်းသတ်မှတ် ကာလဖြစ်သည့်
၂၀၁၄ ခုနှစ်၊ မတ် ၃၁ရက်ကျော်လွန်ပါက နိုင်ငံခြားငွေ လက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေးနိုင်တော့မည်
မဟုတ်သဖြင့် FEC လက်၀ယ်ထားရှိ ပိုင်ဆိုင်ကြသူများ အနေဖြင့် အချိန်မီ အပ်နှံ လဲလှယ်ကြရန်
ဗဟိုဘဏ်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါ၀င်သည်ဟု သိရသည်။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.