0

Sony က ခြောက်လက်မ ရှိပြီး 8-core processor တပ်ဆင်ထားတဲ့ Smartphone ကို ရောင်းချတော့မယ့် ပုံပေါ်ပါတယ်။ 8-core MediaTek MT6592 Processor တပ်ဆင်ထားတဲ့ Xperia Tianchi ကို တရုတ် မီဒီယာ တစ်ခုကနေပေါက်ကြားခဲ့ပါတယ်။ Screen က ခြောက်လက်မအရွယ်အစားရှိပြီး 1280×720 Resolution ရှိတယ်လို့ သိရပါတယ်။ တစ်ခြားအကြောင်းအရာတွေကိုတော့သိရှိရခြင်းမရှိသေးဘဲ သူ့ထက်သေးငယ်တဲ့ ဖုန်းဖြစ်တဲ့ Xperia Z1s နဲ့တူတူရောင်းချမယ်လို့မျှော်လင့်ရပါတယ်။



Sony Xperia Z1s ဟာဆိုရင် တရုတ်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Xperia Z1 Mini ရဲ့ မူကွဲဖုန်းလည်းဖြစ်ပါတယ်။ 4.3 လက်မ HD Display , Snapdragon 800 Processor, 2GB RAM,16GB Storage, 2300mAh Battery, Android 4.2.2 Jelly Bean OS တို့ကိုအသုံးပြုထားပါတယ်။ ဒါပေမယ့် ဒါတွေဟာ မသေချာသေးတဲ့သတင်းတွေပဲရှိပါသေးတယ်။



ဖုန်းနှစ်မျိုးစလုံးကို နို၀င်ဘာလ (၂၂) ရက်မှာ Shanghai မှာကျင်းပမယ့် ပွဲမှာကြေညာမယ်လို့မျှော်လင့်ရပါတယ်။အဲဒီဖုန်းတွေကို တစ်ခြားနိုင်ငံတွေ မှာမရောင်းခင် တရုတ် မှာအရင်ဆုံးရောင်းချမယ်လို့မျှော်လင့်ရပါတယ်။


Ref-Myanmar iCT

Post a Comment

 
Top