0
ရန်ကုန်၊အောက်တိုဘာ ၃၁

ပြည်တွင်းဝက်ဘ်ဆိုက်များတွင် နိုင်ငံတကာသုံးငွေကြေးကတ်များဖြစ်သည့် မာစတာ၊ဗီဇာတို့ဖြင့် ဝယ်ယူနိုင်မည့်စနစ်ကို စတင်ချိတ်ဆက်နိုင် ပြီဖြစ်ကြောင်း CB ဘဏ်မှ သိရသည်။

အဆိုပါ အွန်လိုင်းငွေပေးချေမှုစနစ်ကို ပြည်တွင်းမှ အွန်လိုင်းရှော့ပင်း များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များနှင့်အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် မည့်ဝက်ဘ်ဆိုက်များအနေနှင့် CBဘဏ်ဖြင့် ချိတ်ဆက်ရမည်ဖြစ်ပြီး Payment Gateway အတွက်ကိုမူ မာစတာကတ်၏ Gateway ဖြင့် သာချိတ်ဆက်အသုံးပြုထားကြောင်းသိရသည်။

ယင်းအတွက် အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ငွေ စာရင်းရှင်းရန်၊ ငွေလက်ခံရန်တို့အတွက် CB ဘဏ်တွင် စာရင်းရှင် အကောင့်တစ်ခု ဖွင့်ထားပေးရမည်ဟုသိရသည်။ထို့ပြင် ရောင်းချသည့် ပစ္စည်း၏ပမာဏအပေါ်မူတည်၍ ၀န်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။

၎င်း e-commerce စနစ်ကို ပြည်ပမှဝယ်ယူလိုသူများနှင့် နိုင်ငံတကာ သို့ပစ္စည်းတင်ပို့ရောင်းချလိုသည့် ပြည်တွင်းစီးပွားရေးပညာရှင်များအတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်ဟုသိရသည်။

ဘဏ်ဘက်မှ ငွေစာရင်းလက်ခံရရှိသည့်နေ့မှစ၍ တပတ်အတွင်း လုပ်ငန်းရှင်များ၏ ငွေစာရင်းအကောင့်အတွင်း သို့ငွေဖြည့်သွင်းပေး မည်ဖြစ်ကာ လုပ်ငန်းရှင်များဘက်မှလည်း (၃)လအတွင်း Transaction ကို ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။

သုတလင်း

Popular Myanmar News Journal 
 
Ref :  http://www.thithtoolwin.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top