0

ဒီနေ့  Abu Dhabi မှာပြုလုပ်တဲ့ Nokia ရဲ့ပွဲ  မှာ Lumia 2520 ကိုထုတ်ဖော်ပြသလိုက်ပါတယ်။Nokia ရဲ့  ပထမဆုံး Tablet ဖြစ်ပြီး Windows RT 8.1 ကိုမောင်းနှင်အသုံးပြုမှာမှာဖြစ်ပြီး $499 နဲ့ ဒီနှစ်ကုန်ပိုင်းမှာရောင်းချမယ်လို့ပြောပါတယ်။ပထမဆုံးရောင်းချမယ့်နိုင်ငံတွေကတော့ US,UK,Finland နဲ့တစ်ချို့နိုင်ငံတွေကိုတော့ နောက်ပိုင်းကြေညာမယ်လို့ပြောပါတယ်။


 
Lumia  2520 ဟာ  10.1 လက်မ အရွယ်အစားရှိပြီး 1080p  HD Display ပါရှိမှာဖြစ်ပါတယ်။ Outdoor , Indoor ပါသုံးလို့ရအောင် ဒီဇီုင်း ပြုလုပ်ပေးထားတယ်လို့ပြောပါတယ်။

 
ဒါ့အပြင် Power Keyboard လည်းပါရှိမှာပါရှိမှာဖြစ်ပြီး Function များစွာသုံးလို့ရမယ်လို့ပြောပါတယ်။Gesture Trackpad လည်းပါရှိပြီး Battery ငါးနာရီ အသုံးခံမယ်ပြောပါတယ်။ USB Port နှစ်ခုပါရှိပါမယ်။ လျှင်မြန်တဲ့ အားသွင်းစနစ်ပါရှိပြီး တစ်နာရီကို ရှစ်ဆယ် ရာခိုင်နှုန်းအားသွင်းပေးနိင်ပါတယ်။
ဒီနေ့ခေတ် Tablet တော်တော်များများဟာ Wi-Fi Model နဲ့  Wi-Fi + LTE Model ဆိုပြီးနှစ်မျိုးထွက်ရှိနေတာဖြစ်ပေမယ့် Nokia Tablet ကတော့ 4G LTE + Wi-Fi နှစ်မျိုးလုံးပါရှိမှာပါ။ Windows RT ကိုအသုံးပြုတာဖြစ်တာကြောင့်  Microsoft Office , Outlook တို့ကိုအဆင်သင့်ပါရှိလာမှာပါ။

 
ဒီ Tablet မှာ ဓါတ်ပုံအရည်အသွေးကို မြှင့်တင်ထားတာဖြစ်ပြီး 6.7 megapixel camera , ZEISS optics တို့ပါရှိပါမယ်။ဒါ့အပြင်အနောက်ကင်မရာ အနေနဲ့  2MP HD Wide-Angle Camera လည်းပါရှိမှာပါ။


Nokia Lumia 2520 မှာ HERE Map ပါရှိမှာဖြစ်ပါတယ်။ Offline Map ကိုပထမဆုံးသုံးလို့ရတဲ့ Tablet ပါလို့လည်းပြောပါတယ်။
ဒါကတော့ Lumia 2520 ရဲ့  Specification တွေဖြစ်ပါတယ်။

  • 10.1” full 1080p HD AH-IPS, High Brightness with Low Reflectance, Gorilla Glass 2.
  • 6.7MP Auto Focus ZEISS optics, Secondary: 2MP HD wide-angle.
  • Video 1080p@60fps.
  • 4G LTE.
  • Nokia Music for unlimited streaming of ad-free music.
  • Free global HERE Maps.
  • Microsoft Office built-in.
  • Qualcomm Snapdragon 800 (2.2GHz Quad Core).
  • 8000 mAh (integrated).
  • Red, White (glossy), Cyan, Black (matte).

Specifications တွေကိုပဲသိရှိရသေးပြီး ရောင်းချမယ့်ရက်ကိုတော့ သေချာမသိသေးပါ။

Ref-Myanmar iCT




Post a Comment

 
Top