0

 

မြန်မာနိုင်ငံ တွင် Broadband အင်တာနက်စနစ်ဖွံ့ဖြိုးရေး အတွက် အမေရိကန် အိုင်တီကုမ္ပဏီ Intel က Universal Services Funds အစီအစဉ် ဖြင့် ကူညီမည် ဖြစ်ကြောင်း Intel Technology Asia Pte., Ltd မှ အရှေ့တောင် အာရှဒေသ ဆိုင်ရာ အုပ်ချုပ်မှု ဒါရိုက်တာ Mr. U day Marty က The Voice သို့ ပြောကြားသည်။


Intel သည် Broadband ၀န်ဆောင်မှုကို ကိုယ်တိုင်၀င်လုပ်မည် မဟုတ်ပဲ နိုင်ငံတကာ ကုမ္ပဏီများ ဖိတ်ခေါ်ပြီး လုပ်ငန်းများလုပ်စေကာ ရရှိလာမည့် အကျိုးအမြတ်များမှတစ်ဆင့် Universal Service Funds(USF)ရရန် ကြိုးစားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

USF ရဲ့ အကျိုးကျေးဇူး တွေကတော့ လူတွေတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့တင် မဟုတ်ပါဘူး။ ကျန်းမာရေး ၀န်ဆောင်မှုတွေ၊ စီးပွားရေး၀န်ဆောင်မှုတွေ၊ လုပ်ငန်းရှင်တွေ၊ အစိုးရနဲ့ ပတ်သက်နေတဲ့ အခွန်ကိစ္စ တွေစတာတွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီးတော့အကျိုးကျေးဇူးရအောင် လုပ်တာပါ ဟု ၄င်းကဆိုသည်။

Universal Services Funds ဆိုသည်မှာ အစိုးရက အမျိုးသားအဆင့် Broadband Services Plan တစ်ခုရေးဆွဲပြီး Broadband စနစ်တစ်ခု တည်ထောင်ကာ ယှဉ်ပြိုင်လုပ်ကိုင်စေပြီးရရှိလာသော အကျိုးအမြတ်များကိုဆပွား၍ အခြားနေရာများတွင် စနစ်တကျခွဲဝေ အသုံးချခြင်းဖြစ်သည်ဟု သိရသည်။

Broadband Service တည်ထောင်လိုက်ပါက အင်တာနက်စနစ် သုံးစွဲရာတွင်ဈေးနှုန်းသက်သာခြင်း၊ သုံးရလွယ်ကူခြင်းကဲ့သို့သော အကျိုးကျေးဇူးများရှိပြီး ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သောအချက်အလက်များအရ Broadband အင်တာနက်သုံးစွဲမှုကြောင့်တိုင်းပြည်၏ GDP ၁ဒသမ ၃ရာခိုင်နှုန်းမှ ၁ဒသမ ၈ရာခိုင်နှုန်းအထိတိုးတက်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

The Voice.

Post a Comment

 
Top