0

ကွေးကောက်မျက်နှာပြင် ဖုန်းတွေက အသုံးပြုရတာအဆင်ပြေပါ့မလား? Samsung နဲ့  LG တို့ကတော့ ပိုမိုကောင်းမွန်ပါတယ်လို့ပြောနေကြပါတယ်။ အဲဒီတော့ Galaxy Round နဲ့  G Flex တို့ကိုနှိုင်းယှဉ်ကြည့်ရအောင်။

အရွယ်အစား နဲ့  အလေးချိန်

G Flex  က Galaxy Round ထက် Screen အရရော Dimension အရပါပိုကြီးမားတာကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်။ LG G Flex က ခြောက်လက်မရှိပြီး Curved P-OLED တပ်ဆင်ထားပါတယ်။ Galaxy Round ကတော့ 5.7 လက်မ ရှိပြီး Super Flexible AMOLED Display တပ်ဆင်ထားပါတယ်။


G Flex ရဲ့ အတိုင်းအတာကတော့ 160.5×81.6×7.9 to 8.7mm ဖြစ်ပြီး အထူက G Flex ရဲ့  ငှက်ပျောသီးပုံစံကွေးညွှတ်နေတဲ့ အနေအထားမှာ 8.7 လက်မအထိ ရှိပါတယ်။ Galaxy Round ကတော့ 151.1×79.6×7.9mm ဖြစ်ပြီး အားလုံးဟာ G Flex ထက်သေးငယ်တာကိုတွေ့နိုင်ပါတယ်။ အလေးချိန်မှာတော့ Galaxy Round ကပိုမိုပေါ့ပါးပြီး 154g ရှိပြီး G Flex ကတော့ 177g ရှိပါတယ်။

Resolution

Galaxy Round မှာ 1920 x 1080 Full HD display ပါရှိပြီး တစ်လက်မ ကို 386 pixels ပါရှိပါတယ်။ G Flex ကတော့ 1280 x 720 HD display တပ်ဆင်ထားပြီး တစ်လက်မ ကို 245 pixels ပဲပါရှိပါတယ်။

Galaxy Round ရဲ့  Screen ဟာ G Flex ထက်သေးငယ်ပေမယ့် Resolution မှာတော့ ပိုကောင်းနေတာတွေ့ရပါတယ်။

Processor

ဖုန်းနှစ်လုံးစလုံးမှာတူညီတဲ့အချက်ကတော့ Processor ဖြစ်ပြီး 2.3GHz quad-core Qualcomm Snapdragon 800 chipset ကိုအသုံးပြုထားပါတယ်။ Graphics ကိုလည်း Adreno 300 ကိုအတူတူသုံးထားပါတယ်။ Galaxy Round ရဲ့အားသာချက်တစ်ခုကတော့ RAM 3GB ရှိတာဖြစ်ပြီး G Flex ကတော့ 2GB ပဲရှိပါတယ်။ Speed ပိုင်းမှာ Galaxy Round ကပိုကောင်းမယ့်သဘောဖြစ်ပါတယ်။ အထူးသဖြင့် Multi-tasking လုပ်တဲ့အချိန်တွေမှာသိသာပါတယ်။

Camera

Camera Specification တွေကလည်းတူညီနေတာကိုတွေ့ရပါတယ်။ဖုန်းနှစ်လုံစလုံးမှာ အနောက်ကင်မရာ ကို 13 megapixels camera တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင် အရှေ့ကင်မရာ ကို 2 megapixels camera တပ်ဆင်ထားပါတယ်။

Battery

G Flex က ဘက်ထရီ အပိုင်းမှာပိုမိုသာလွန်ပေမယ့် Screen ပိုကြီးတဲ့ အတွက် အားမြန်မြန်ပိုကုန်နိုင်တာကိုသတိပြုပါ။ G Flex ရဲ့ ဘက်ထရီ က 3500mAh ဖြစ်ပြီး Galaxy Round ကတော့ 2800mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Screen

ဖုန်းနှစ်လုံးကိုနှိုင်းယှဉ်ကြည့်တဲ့အခါ ထူးထူးခြားခြား ကွာခြားတာကိုမတွေ့ရပါဘူး။ အဓိက ကွာခြားချက်ကတော့ ပုံသဏ္ဏာန် ဖြစ်ပါတယ်။ G Flex  ငှက်ပျောသီး ပုံစံ ရေပြင်ညီ ၀င်ရိုးပေါ်မှာကွေးကောက်နေတာဖြစ်ပြီး Galaxy Round ကတော့ ဒေါင်လိုက် ၀င်ရိုးပေါ်မှာ ကွေးကောက်နေတာဖြစ်ပါတယ်။

LG ကတော့ သူ့ဖုန်းဟာ ဘောင်းဘီအနောက်ဖက် ကအိတ်ကပ်မှာထည့်ပြီးယူဆောင်သွားဖို့ပိုမိုသင့်တော်တယ်လို့ပြောပါတယ်။ ဒါပေမယ့် ခြောက်လက် မအရွယ်ရှိတဲ့ဖုန်းကို ဘောင်းဘီနောက်အိတ်ကပ်မှာထည့်ဖို့ဆိုတာအဆင်ပြေမလားဆိုတာစဉ်းစားစရာဖြစ်ပါတယ်။ဒီအချက်တွေကတော့ပြောဖို့ စောပါသေးတယ်။

LG ကထပ်ပြောရာမှာ သူ့ဖုန်းဟာ Landscape အနေအထားနဲ့ ကြည့်မယ်ဆိုရင် IMAX ရုပ်ရှင်တွေကြည့်ရသလို ခံစားမှုမျိုးပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဗီဒီယို ကြည့်တာတွေ၊ ဂိမ်းဆော့တာတွေဆိုရင်လည်းပိုအဆင်ပြေတယ်လို့ပြောပါတယ်။

အနှစ်ချုပ်

ဖုန်းနှစ်မျိုးကိုယှဉ်ကြည့်တဲ့အခါမှာ LG G Flex မှာအားသာချက်တွေကိုတွေ့ရပါတယ်။ Galaxy Round ကတော့ အနည်းငယ်သေးငယ်ပြီး Resolution ပိုကောင်းပါတယ်။ LG G Flex ကိုလူတွေပိုကြိုက်ကြမယ်လို့သုံးသပ်လိုက်ပါတယ်။


Ref & Credit-Myanmar iCT

Post a Comment

 
Top