0

သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ ကျယ်ပြန့်မြင့်မားလာသည် နှင့်အမျှ Network Industry  တွင်  CISCO  နည်းပညာများသည် အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လာသောကြောင့် CISCO နည်းပညာများကို စနစ်တကျ လေ့လာနိုင်စေရန်နှင့်  CISCO  Device များကို ကျွမ်းကျင်စွာ အသုံးပြု နိုင်စေရန် အချိန်တိုအတွင်း Cisco Certified Network Professional (CCNP) တစ်ဦးအဖြစ် ပြည်တွင်း ပြည်ပ တွင် 


ရပ်တည်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်သော  Cisco Boot Camp   ဖြစ်သည်။ Cisco ၏ အဆင့်မြင့် နည်းပညာများကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သော   Professional  တစ်ဦး အဖြစ် ရပ်တည်၍ Internet Service Provider များ၊ Data Center များနှင့် အခြားသော အဆင့်မြင့် Network Field များတွင် တိုက်ရိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် အတွက်လည်း ရည်ရွယ်သည်။  CCNP နှင့်  CCNP (Route) တို့ကို နိုင်ငံတကာ သင်ရိုးအတိုင်း သင်ကြားကာ ကျောင်းသားတစ်ဦးလျှင် အဆင့်မြင့်  Cisco Router များ Switch များဖြင့် မနက်(၉)နာရီ မှ ညနေ (၄)နာရီ အထိ နေ့စဉ်(၃)လ သင်ကြားရမည် ဖြစ်သည်။


 Theory နှင့် Project များကို ကျွမ်းကျင်ပိုင်နိုင်မှသာ  Cisco Exam, Person VUE (USA)  မှ စစ်ဆေးသည့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရမည် ဖြစ်သည်။ လူဦးရေ ကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများ အနေဖြင့် ကြိုတင် စာရင်းပေးသွင်းလိုပါက  IMCS  သင်တန်းကျောင်း ဖုန်း ၀၁-၅၁၄၉၄၄၊၀၉-၄၅၀၀၁၆၀၄၀ သို့ ဆက်သွယ်ကာ တက်ရောက် သင်ကြားနိုင်မည် ဖြစ်သည်။

သန္တာ


Ref-Myanmar internet Journal

Post a Comment

 
Top