0

iPhone 5sရွှေရောင်အား ပြည်တွင်း၌ ဈေးနှုန်းလျော့ ကျလာဖွယ်ရှိကြောင်း သိရသည်။ iPhone 5s စတင်ထွက်ရှိချိန်တွင်ရွှေရောင် iPhone 5s၏ ဈေးနှုန်းမှာ ပြည်တွင်းဈေးကွက်အတွင်း၌ တစ်ဆယ့်လေးသိန်းကျပ် ဝန်းကျင်အထိ ရောက်ရှိခဲ့ပြီး ယခုနောက်ပိုင်း ဈေးနှုန်းပြန်လည် ကျဆင်းလာဖွယ်ရှိကြောင်း iPhone 5s ရောင်းချသူများထံမှ သိရသည်။



“ယခင် စတင်ထွက်ရှိချိန်တုန်းက ပြည်ပမှာထွက်ရှိချိန်နဲ့ တစ်ပြိုင်တည်းရရှိအောင် အပြိုင်ဝယ်ယူမှုတွေကြောင့် ပြည်ပဈေးကွက်မှာကို ဈေးနှုန်းမြင့်မားပါတယ်။ ယခုနောက်ပိုင်း ဝယ်လိုအားက ဆက်လက်ရှိနေသေးပေမယ့် မှာယူထားတဲ့အလုံးတွေကလည်း ဆက်တိုက်ရောက်ရှိလာတာကြောင့် ပြည်ပမှာလည်း ဈေးကျဆင်းလာခဲ့ပါပြီ။ ယခုဆိုရင် ငွေကျပ်ကိုးသိန်းနဲ့ ၁၀ သိန်း ဝန်းကျင်လောက်ပဲ ရှိတော့မှာပါ” ဟု Neo Tech မှာ တာဝန်ရှိသူကပြောပြသည်။


“ဈေးကွက်ဝယ်လိုအား အရမ်းများနေတယ်ဆိုရင် အဲ့ဒီ Product က ဈေးနှုန်းအရမ်းမြင့်တက် လွယ်ပါတယ်။ လက်ရှိပြည်တွင်းမှာကလည်း လြူကိုက်များပြီဆိုရင် အကုန်လုံးနီးပါးလောက် ကြိုက်ကြတော့ ဈေးက ခန့်မှန်းရခက်အောင် မြင့်တက်မှုတွေရှိပါတယ်။ အများစုကလည်း အသစ်အဆန်းထွက်ရှိတယ်ဆိုရင် ချက်ချင်းကိုင်ချင်တာမျိုးရှိတော့ ဈေးနှုန်းအပြောင်းအလဲ အရမ်းမြင့်မားပါတယ်” ဟု နည်းပညာ Product များတင်သွင်းသော ကုမ္ပဏီများ၏ ဈေးကွက်ကျွမ်းကျင်သူတို့က ဆိုကြသည်။


Ref-internet Journal

Post a Comment

 
Top