ငွေဖြည့်ကတ်စနစ်ဖြင့် အင်တာနက်သုံးနိုင်မည့် ဝိုင်ဖိုင်စနစ် လာမည့်နှစ်တွင် ပြည်နယ်နှင့်တိုင်းများ၌ စတင်မည်
”လျှောက်ထားစရာ မလိုပါဘူး။ ဝိုင်ဖိုင်မိတဲ့နေရာ အကောင့်ဝယ်သုံးရုံ ပါပဲ။ ဝိုင်ဖိုင်ဇုန်မရှိတဲ့ မြို့တွေမှာလည်း သုံးချင်တယ်လို့ တောင်းဆိုလာ ရင် ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောသည်။
ဝိုင်ဖိုင်ဇုန်များအား ကနဦးအနေ ဖြင့် အင်တာနက်သုံးစွဲမှုများသော မြို့ များတွင် ထားရှိသွားမည်ဖြစ်ပြီး ဆက် လက်၍ တိုင်းဒေသကြီးနှင့်ပြည် နယ်များ တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယင်းအတွက် ပြည် တွင်း၊ ပြည် ပ ကုမ္ပဏီများအား တင်ဒါခေါ်ယူထား ကြောင်း ၄င်းက ဆက်လက်ပြောသည်။
”ဒီနှစ်ထဲမှာတော့ တင်ဒါတင်သွင်း တာတွေ၊ စိစစ်တာတွေ လုပ်ရမှာဖြစ်တဲ့ အတွက် ပြီးနိုင်မယ် မထင်ဘူး။ လာမယ့် နှစ်ဆန်း ပိုင်းလောက်မှာပဲ ဝန်ဆောင်မှု စတင်နိုင်မှာပါ”ဟု ၄င်းက ဆက်ပြော သည်။
ယင်းအပြင် ဝိုင်ဖိုင်အကောင့်နှင့် ငွေဖြည့်ကတ်နှုန်းထားကိုလည်း သတ် မှတ်ထားခြင်း မရှိသေးဘဲ ကုမ္ပဏီများ၏ တင်ဒါတင်သွင်းမှု ပုံစံအပေါ် မူတည် ပြီးမှသာ သတ်မှတ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် ဝိုင်ဖိုင် အင်တာနက် စနစ်အား ဝန်ဆောင်မှုပေးနိုင် မည့် ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများကို အကျိုးတူ ဆောင်ရွက်လိုသည့် ပုံစံ၊ ဝန်ဆောင်မှု ပေးမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အား Survey ပြုလုပ်၍ Proposal မူ ကြမ်းကို နိုဝင်ဘာ ၃ဝ ရက်နေ့ နောက် ဆုံးထား ပေး ပို့ရမည် ဖြစ်သည်။
အဆိုပြုလွှာများကိုလည်း ယခုလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တင်ဒါ စည်းမျဉ်းပုံစံ ထုတ်ယူနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ် ပြန်ထားသည်။
Ref: Popular Myanmar News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.