တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြောသည်။
အဆိုပါ Wifi အင်တာနက်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုးတူပူးပေါင်းလုပ် ကိုင်မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက မဇ္ဈိမကို ပြောသည်။
ဦးရဲနိုင်မိုးက “Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင်လုပ်သွားမှာပါ။ အဲဒီ အတွက် ပူးပေါင်းလုပ်ဆောင်မယ့်ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ ကုမ္ပဏီတွေကလည်း သူတို့လုပ် ကိုင်မယ့်နေရာဒေသကို Servey လုပ်ပြီး Business Plan နဲ့ Technical Plan တွေကို တင်ပြရမှာဖြစ်ပါ တယ်။ နေရာဒေသအလိုက် လုပ်ကိုင်မယ့်ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပါ”ဟု မဇ္ဈိမကို ပြောသည်။
ယင်းဝန်ဆောင်မှုဆောင်ရွက်ရန် လျှောက်ထားလိုသည့်ကုမ္ပဏီများသည် အောက်တိုဘာ ၂၁ ရက်မှ ၃၀ ရက်အထိ တင်ဒါလျှောက်လွှာများကို သတင်းအချက်အလက်နှင့်နည်းပညာဌာနတွင် ထုတ်ယူနိုင်မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှုပေးနေသော အင်တာနက်လိုင်းများမှာ ဖိုက်ဘာအင်တာနက်လိုင်း၊ADSL အင်တာနက်လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက်နှင့် ဝေးလံခေါင်းပါးသည့်နေရာများတွင် အသုံးပြုသည့် ဂြိုဟ်တုအင်တာနက်လိုင်းများဖြစ်သည်။
ယင်းသို့ Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်မည်ဆိုပါက အချိန်ကာလ အနည်းငယ်ကြာမြင့်နိုင်သောကြောင့် လူဦးရေထူထပ်သည့်နေရာများကို ဦးစားပေးကာ အဆင့်လိုက် တိုးချဲ့သွားမည်ဟုလည်း ဦးရဲနိုင်မိုးကဆိုသည်။
ဦးရဲနိုင်မိုးက “တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုရရှိဖို့က အချိန်ကာလတစ်ခုအထိ တော်တော် ကြာနိုင်တယ်။ နောက်အကျိုးတူပူးပေါင်းလုပ်ကိုင်ရမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှုကများတယ်။ အရင်ဆုံး လူဦးရေထူထပ်တဲ့နေရာတွေမှာ အရင်လုပ်မယ်။ ပြီးရင် တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရရှိအောင်ထပ်မံလုပ် ဆောင်သွားမယ်”ဟု ပြောသည်။
ပြည်တွင်းတွင် wireless အင်တာနက် ၀န်ဆောင်မှုပေးနေသော Red link ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးရှိန်းသူ အောင်က “နယ်တွေမှာလည်း လူဦးရေအများစုရှိတဲ့ Library လိုနေရာမျိုး၊ လူစည်တဲ့နေရာမျိုးတွေမှာ Wifi အသုံးပြုခွင့်ရအောင် လုပ်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ လူဦးရေ ၇၀၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ မိုဘိုင်းအင်တာနက်အသုံးပြုမှုပဲ ရှိလာနိုင်ပါတယ်”ဟု ဆိုသည်။
ပြည်တွင်းတွင် အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသည့် ဦးရေမှာ ၁၁ သိန်းခန့်ရှိသည်ဟု ပြီးခဲ့သည့်စက်တင်ဘာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားထားသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.