0

သြစတေးလျ ထောက်လှမ်းရေးအေဂျင်စီများ၏ အကြံပေးချက်ကြောင့် သြစတြေးလျအမျိုးသား ဘရော့ဘန်း ကွန်ရက်(NBN)တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူရာ တွင်တရုတ်နည်းပညာ ကုမ္ပဏီကြီး ဟွာဝေးကိုပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သြစတေးလျ အစိုးရသစ်က အောက်တိုဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့သည် ဟုသိရသည်။


(NBN) အတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး အတွက် တင်ဒါခေါ်ယူရာ၌ ယခင် သြစတေးလျ လေဘာအစိုးရက ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့သည်။ ယင်းဆုံးဖြတ် ချက်ကိုဟွာ​ေဝဂက​ေဝဖန်ခဲ့ပြီး ၄င်းတို့ကုမ္ပဏီ သည်လုံခြုံရေး အတွက်အန္တရာယ် ပေးနိုင်သည် ဆိုခြင်းအားငြင်းဆန်ခဲ့သည်။ သို့ရာတွင် စက်တင်ဘာ ၇ ရက် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ၀န်ကြီးချုပ် တိုနီအဘော့ အစိုးရကလည်း ယင်းပိတ်ပင်ထားမူ ကိုဖြေလျှော့ပေးရန် အစီအစဉ် မရှိကြောင်း သြစတေးလျ နိုင်ငံတော် ရှေ့နေချုပ် ဂျော့ဘရန်ဒစ်က ပြောကြား ခဲ့သည်။

ဟွာဝေးကယင်း ပိတ်ပင်မှု ပြန်ရုပ်သိမ်းပေးရေးအတွက် ကင်တာရာမြို့တွင်နိုးဆော်သည့် အစီအစဉ်ပြုလုပ်ခဲ့ပြီးနောက် အစိုးရသစ်က ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးသတင်းစာ Australian Financial Review က ဖေါ်ပြခဲ့သည်။ ဟွာဝေးကို ပိတ်ပင်ထားမှု ဖြေလျော့ပေးရေး အတွက် အစိုးရတွင်းလုပ်ဖေါ် ကိုင်ဖက်အချို့၏ တိုက်တွန်းချက်များကို ဘရန်ဒစ်က လက်မခံခဲ့ပေ။

တရုတ်စစ်တပ် အင်ဂျင်နီယာဟောင်း တစ်ဦးတည်ထောင်ခဲ့သော ဟွာဝေးကုမ္ပဏီမှ ထောက်ပံ့သော နည်းပညာ ပစ္စည်းများသည် သူလျှိုပြုလုပ်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများတွင် အသုံးပြုလာနိုင်မှုအတွက် စိုးရိမ်မိကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့ဖူးသည်။ အမေရိကန် အစိုးရ၏လုပ်ပိုင်ခွင့်များချပေးရာ တွင်လည်းဟွာဝေးကို ဖယ်ထုတ်ထားရန် အမေရိကန် လွှတ်တော်က ပြီးခဲ့သော နှစ်ကတိုက်တွန်းခဲ့ ကြောင်းသိရသည်။


Ref-Myanmar iCT 



Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top