၂၁ရာစုနှစ်အတွင်း
ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ မြို့ကြီးများ လုံး၀ပျောက်ကွယ်
သွားနိုင်သည့် အခြေအနေရှိနေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေး ပြောကြား
သည်ဟုသိရသည်။
၂၁ရာစု ကုန်ပိုင်းတွင်
ကမ္ဘာကြီးပူနွေးလာမှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများအားလုံး အပူချိန် ၄ဒီဂရီသာ
တိုးမည်ဖြစ်သော် မြန်မာနိုင်ငံတွင်မူ ၁ဒီဂရီ ပိုမိုပြီး ၅ဒီဂရီအထိ တိုးလာနိုင်ကြောင်း
၄င်းကရှင်းပြသည်။ အပူချိန် တိုးမှုကြောင့်ဖြစ်ပေါ်လာမည့် သဘာ၀ဘေး အန္တရာယ်ကာကွယ်ရန်လိုအပ်သည့်
ပြင်ဆင်မှုများမလုပ်နိုင်ပါက မြန်မာနိုင်ငံ၏အဓိကမြို့ကြီး များပျောက်ကွယ်သွားမည် ဖြစ်ကြောင်း
ယင်းကပြောကြားသည်။
၂၀၇၀ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ
ရှိတော့မည်မဟုတ်ကြောင်း၊ ၂၀၈၀ တွင်ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံ မှာပျောက်ဆုံးသွားမည်ဖြစ်ကြောင်း
၄င်းကဆက်လက် ပြောကြားသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်
ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့ မျှရှောင်လွဲ၍ မရနိုင် ကြောင်းနှင့်
လိုအပ်သည့် ပြင်ဆင်မှု များမပြုလုပ်ရ သေးကြောင်း လေ့လာသူများ ကသုံးသပ် သည်။
မြန်မာနိုင်ငံ၏ သဘာ၀ပတ်၀န်းကျင်သည်
လျင်မြန်စွာ ပျက်စီးယိုယွင်းနေကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များကလည်း ထောက်ပြလျက်
ရှိသည်ဟုသိရသည်။ ပြည်ပ ပညာရှင် သုတေသန အဖွဲ့များ၏ ထုတ်ပြန် ချက်များအရ မြန်မာနိုင်ငံသည်
ကမ္ဘာပေါ်တွင် သဘာ၀ဘေး အန္တရာယ်ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀နိုင်ငံ စာရင်းတွင် ဒုတိယ
နေရာ၌ ရောက်ရှိနေသည့် အပြင် ရာသီဥတု ပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့်
နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ ရောက်ရှိနေသည်ဟု ဆိုသည််။
အပူချိန်များတိုးခြင်း၊
ရာသီဥတုဖေါက်ပြန် ခြင်းတို့သည် Global Warning ကမ္ဘာကြီးပူနွေးလာမှု၏ ဆိုးကျိုး များဖြစ်ပြီး
၄င်း၏ သက်ရောက်မှု (Impact ) များကို အရှေ့တောင်အာရှနိုင်ငံများမှ လေ့လာစူးစမ်း၍ ကြိုတင်ကာကွယ်မှု
များပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော်နိုင်ငံများထက်ထူးခြား စွာထိခိုက်မည့်
မိမိတို့နိုင်ငံသည် Global Warning ၏ Impact များကို မလေ့လာပဲ ကြိုတင်ပြင်ဆင် မှုများမရှိကြောင်း
ဦးထွန်းလွင် ကပြောကြားသည်။
“သူများနိုင်ငံတွေ
အကုန်လေ့လာပြီးပြီး ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး။
အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်။ အားလုံး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု၄င်းဆိုသည်။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.