ခေါင်းစဉ်ကြောင့် တွေးရရှုပ်သွားစေမယ်ထင်ပါတယ်။ Mashable မှာ ဖော်ပြထားတဲ့ ဆောင်းပါးက ဒီလိုပါ။
ယနေ့
လူတိုင်း အသုံးပြုနေတဲ့ စမတ်ဖုန်းမှာ ပါတဲ့ မှတ်ဥာစ်တစ်ခုဟာ တစ်ချိန်က
နာဆာတို့ လကမ္ဘာကို သွားဖို့ တင်လိုက်တဲ့ အာသာယာဉ်က
မှတ်ဥာဏ်အစိတ်အပိုင်းများထပ်တောင် ပိုပြီးတော့ အဆင့်မြင့်နေပါတယ်။
ဒါကြောင့် အနာဂတ်မှာ နည်းပညာ ပစ္စည်းများကို ထုတ် လုပ်လေလေ သေးလာလေလေပဲ။
အထူးသဖြင့် Chip တွေ၊ Processor တွေသေးသွား ပါတယ်။
Chip ဆိုတာ ကွန်ပြူတာတစ်လုံးရဲ့  မှတ်ဥာဏ်ပါ။
ယင်းမှတ်ဥာဏ်ဟာ ကွန်ပြူတာ၊ စမတ်ဖုန်းတို့ ဖွင့်လိုက်တာနဲ့ အလုပ်လုပ်နေရ
ပါတယ်။ ပိတ်ထားလည်း CMOS တို့လို အစိတ်အပိုင်းက ဆက်လုပ်ရပါတယ်။ ဒီလို
နေ့မအား၊ ညမနား အလုပ်လုပ်နေရတဲ့ Chip များကြောင့် ပစ္စည်းတွေ က ပူတာပါ။
ပစ္စည်းတွေက ပူလေလေ၊ အေးအောင်လုပ် ရလေလေ၊ အေးအောင်ပိုလုပ်နိုင်လေလေ၊
ပစ္စည်းရဲ့  တန်ဖိုးက ကြီးလေလေ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာကြာ
သုံးသုံး အပူသက်သာတဲ့ ပစ္စည်း ဆိုတာမျိုးက ကွန်ပြူတာ လောကမှာ
အရှားပါးဆုံးနဲ့ ဈေးအကြီးဆုံးပါပဲ။ Temperature Cool Down လုပ်ဖို့အတွက်ပဲ
ကွန်ပြူတာ ဆက်စပ် ပစ္စည်း လောကမှာ ခေါင်းစားနေကြ ရတာ ဖြစ်ပါတယ်။ Google ရဲ့ 
Data Center ဟာဆိုရင် အပူထွက် တာကြောင့် လျော့ချစေရန် အဲယားကွန်း၊အအေးခန်း
ဖန်တီးပေးရပြီး ဒီအတွက် ကုန်ကျတဲ့ လျှပ်စစ်မီးပမာဏကို တစ်နှစ်ကို
အိမ်ခြေပေါင်း ၂ သိန်းစာ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်
အပူကြောင့်ပဲ ပစ္စည်းတွေက ပျက်ရပြီး အစားထိုးရတာတွေ၊ လဲလှယ် ရတာတွေ
ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါကို အေးစေဖို့ အမေရိကန် IBM ကုမ္မဏီက နည်းပညာသစ်
တီထွင်လိုက်ပါပြီ။ အလက်ထရိုလိုက် အရည်တစ်မျိုးကို Chip အစိတ်အပိုင်း အပြင်
ပူတတ်တဲ့ အစိတ်အပိုင်းနေ ရာမှန်သမျှကို စီဆင်းစေမယ့် နည်းပညာ ဖြစ်ပါတယ်။
အပူတွေက ယင်းအရည်ထဲကို စီးဆင်းသွားပြီး Circulation လည်ပတ်နေမှုကြောင့်
အရည်က အပူတွေကို သယ်ဆောင်သွားမှ ဖြစ်ပါတယ်။ လက်ရှိ အီလက်ထရောနစ် ပစ္စည်းများ
အပူဒဏ်လျော့ချဖို့အတွက် လေကိုပဲ အဓိက အသုံးချနေတာပါ။ ယခုတော့ အရည်ဘက်ကို
ပြောင်းလဲလာပါပြီ။ အလက်ထရိုလိုက် အရည် ဖြစ်တဲ့အတွက် ရှော့ဖြစ်ုဖို့လည်း
အကြာင်းမရှိပါ ဘူး။ ဆားကစ်ရဲ့  အင်မတန် အသေးစိတ် ကျပါတယ်ဆို တဲ့ နေရာတွေ
အထိကိုတောင် အသေးစိတ် ပိုက်လိုင်းဆောက်လို့ လည်ပတ်စေမယ့် နည်းပညာ
ဖြစ်ပါတယ်။
ဒါကို IBM က အင်ဂျင်နီယာ ၂ ဦးက ဖန်တီးပြီး Electronic
Blood လို့ အမည်ပေးထားပါတယ်။ ယင်း Blood နဲ့တင် Chip, Processor များရဲ့ 
အပူချိန်ကို သိသိသာသာ လျော့ချနိုင်ပြီး အလုပ်လုပ်နိုင်စွမ်းကိုလည်း
တိုးမြင့်ပေးစေမှာ ဖြစ်ပါတယ်။ Electronic Blood လို့ခေါ်တဲ့ အီလက်ထရောနစ်
သွေးနဲ့ ကွန်ပြူတာများကို များမကြာမီ နှစ်များအတွင်း လည်ပတ်သွားစေမယ့်လို့
ပြောဆို ခဲ့ကြောင်း သိရပါတယ်။
.
အောင်ခမ်း ( TSJ Team )
.
Related Posts
အင်တာနက် ကမ္ဘာဦး၊ ကွန်ယက်စာမျက်နှာများ၏ မူလ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013ကမ္ဘာ့ဒုတိယ အကြီးဆုံး ငါး - Basking Fish
Basking Fish - နေပူဆာလုံ ငါးလို့ ခေါ် ပါတယ်။ ရေပြင် အထက်ကို တက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို [...]
Dec 27, 2013ပျိုတိုင်းကြိုက်သော အမျိုးသားတို့ ပုံစံ
How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို [...]
Dec 14, 2013Huawei Ascend P6S မှာပါဝင်လာမယ့် CPU
Huawei Ascend P6S မှာပါဝင်လာမယ့် CPU=========================တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်[...]
Dec 14, 2013ကုမ္ပဏီတစ်ခုမှာ ဝက်ဆိုဒ် ရှိသင့် မရှိသင့်
ကုမ္ပဏီ တစ်ခုမှာ ဝက်ဆိုဒ် ရှိသင့် မရှိသင့် အဲဒါကတော့ ကိုယ့်အယူဆနဲ့ ကိုယ်ပေါ့။ ဝက်ဆိုဒ်ရှိမှ ကုမ္ပဏီ[...]
Dec 13, 2013ကမ္ဘာ့အကြီးဆုံး ကီးဘုတ်
ကမ္ဘာ့အကြီးဆုံး ကီးဘုတ်ကို တရုတ်နိုင်ငံက ပြုလုပ်ခဲ့ ပါတယ်။ ပလပ်စတစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဝ[...]
Dec 11, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.