0

အရင်ဆုံး ကွန်ပြူတာမှာ       Zawgyi ဖောင့် ၊ Myanamr 3ဖောင့် နှစ်ခုကို အရင် အင်စတောလုပ်ထားရပါမယ်။ ဖောင့်ဖိုင်နှစ်ခုကို Double Click နှိပ်ပြီး အလွယ်တကူ အင်စတောလုပ်နိုင်ပါတယ်။ Search Box ကနေ Fonts လို့ရိုက်ပြီး ဖောင့်ဖိုဒါပေါ်လာရင် ဖွင့်ပြီး ဖောင့်ဖိုင်နှစ်ခုကို Drag and Drop လုပ်ပြီးလည်းအင်စတောလုပ်နိုင်ပါတယ်။  ပြီးရင်တော့  Zawgyi Force , Unicode Force ဆိုတဲ့ Bookmarklet နှစ်ခုကို ဒေါင်းလုပ်လုပ်ပါ။ ဒေါင်းလုပ်လုပ်ပြီးရင် Browsers တွေက Bookmark Bar ပေါ်ကို Drag and Drop လုပ်ပါ။ အောက်ကပုံကတော့ Firefox Bookmark Bar ပေါ်မှာ Bookmarklet နှစ်ခုကို Drag and Drop လုပ်ထားတာပါ။


 
နောက်ဆုံးအဆင့်အနေနဲ့ Browsers တွေက Font Settings မှာ Zawgyi Font ကိုသတ်မှတ်ပေးရပါမယ်။

Firefox

Firefox ရဲ့ Options ထဲကိုသွားပြီး Content tab ကို နှိပ်ပါ။ Default Font မှာ Zawgyi ကိုရွေးပါ။ Advanced ကိုနှိပ်ပါ။

 
အောက်ကပုံမှာပြထားတဲ့အတိုင်း Zawgyi ဖောင့်တွေပြောင်းပေးပါ။ “Allow pages to choose their own fonts……” မှာလည်း အမှန်ခြစ်ပေးပါ။ Fallback Character Encoding မှာ Unicode (UTF-8) ရွေးပေးပါ။ OK နှိပ်ပါ

 
Unicode ၀က်ဆိုက်တွေကြည့်လို့အမှန်မမြင်ရရင် Bookmark Bar က Unicode Force ကို နှိပ်ပါ။ ဒါဆိုရင် မြန်မာစာတွေအမှန်မြင်ရပါပြီ။

Chrome
Chrome မှာ Settings>Show advanced settings ကို၀င်ပါ။ Web Content အောက်က Customize Fonts ကိုနှိပ်ပါ။ ဖောင့်တွေအားလုံးကို Zawgyi ပြောင်းပေးပြီး Encoding မှာ Unicode (UTF -8) ပြောင်းပေးပါ။ Done ကိုနှိပ်ပါ။

 
Unicode ၀က်ဆိုက်တွေကြည့်ရင် Bookmark Bar က Unicode Force ကိုနှိပ်ရင် မြန်မာစာအမှန်မြင်ရပါပြီ။

တစ်ခြား Browsers တွေမှာလည်း ဒီနည်းအတိုင်းပဲပြုလုပ်နိုင်ပါတယ်။ စာဖတ်သူမှာ ဒီထက်ကောင်းတဲ့နည်းတွေရှိရင်လည်း မျှဝေခဲ့ပါအုံး။


Ref & Credit-Myanmar iCT

Post a Comment

 
Top