0


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်န်ဂျီအို နှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ သတင်းအချက် အလက် များကိုပါ e-Yangon Web Protal တွင် ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။



 ယခုအခါ e-Yangon Web Portal တွင်ရန်ကုန်တိုင်း ဒေသကြီးရှိ အစိုးရဌာန ဆိုင်ရာများမှ ပြည်သူများသို့ သတင်းအချက် အလက်များ ပေးနိုင်ရန်ရည်ရွယ် တည်ထောင် ထားခြင်းဖြစ်ပြီး ယင်း Web Portal တွင် အင်န်ဂျီအို နှင့် အိုင်အင်န်ဂျီ အိုအဖွဲ့အစည်းများ၏ သတင်းအချက်အလက် များကိုပါ ထုတ်ပြန်ပေးသွား မည်ဟုဆိုသည်။



အခုကတော့ ဌာနဆိုင်ရာတွေရဲ့ အကြောင်းအရာတွေ၊ သူတို့ရဲ့၀န်ဆောင်မှုအသစ်ရှိရင် ပြည်သူတွေ ကိုထုတ်ပြန်ချက်တွေပဲ ကြည်ရှုလို့ ရမှာပါ။ နောက်ပိုင်းမှာတော့ ရန်ကုန်မှာရှိတဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေရဲ့ အချက်အလက်တွေ ထုတ်ပြန်ချက်တွေပါ ထည့်သွင်းပေးဖို့ စီစဉ်နေပါတယ်။ အချက်အလက် တွေလည်း စုဆောင်းသွားမှာပါ “ဟုရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း မှ ဥက္ကဌ ဦးမင်းဦး ကပြောသည်။



အဆိုပါ ၀က်ဘ်ပေါ်တယ် အားတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ပူးပေါင်း အကောင်အထည် ဖေါ်ဆောင်ရွက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် မှစ၍ www.eyangon.gov.mm ကို လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ e –Yangon Web Portal တွင်နောက်ပိုင်း ၌ အစိုးရ ဌာနဆိုင်ရာ များမှ (ဥပမာ- မှတ်ပုံတင် နှင့် အခွန်ဆောင်ခြင်းများ) အစ ရှိသည် လုပ်ငန်းစဉ် များတွင် တိုက်ရိုက် ၀န်ဆောင်မှု များပေးနိုင်ရန်လည်း ဆောင်ရွက်သွားမည် ဖြစ်သည် ဟုဆိုသည်။



အခုကတော့ အစပိုင်း တင်ကာစပဲ ရှိသေးတယ်။ နောက်ပိုင်း ပြည်သူ တွေတွက် သတင်း အချက်အလက် ပေးတဲ့ ပုံစံက အစ အဆင်ပြေလွယ်ကူ အောင်ဆောင်ရွက်မယ်။ ဌာနဆိုင်ရာ တွေကလည်း ကိုယ်ပိုင် ၀က်ဘ်ဆိုက် တွေလုပ်လာနိုင်ပြီဆို ၀န်ဆောင်မှု ပေးတဲ့အဆင့်က စနိုင်ပါပြီ ဟု ၄င်းကထပ်မံပြောကြား သည်။အဆိုပါ e-Yangon Web Portal တည်ထောင်နိုင်ရန် လွန်ခဲ့သည့်တစ်နှစ်ခန့် ကစတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်း အတွက် ရုံးခန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတည်ရှိရာ လွှတ်တော် အဆောင်အအုံအခန်းအမှတ် ၂၁၉ တွင်ဖွင့်လှစ်ထားပြီး လုပ်ငန်း များစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။



The Yangon Times Daily.


Ref-Myanmar iCT

Post a Comment

 
Top