မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ပေါ်ပေါက်ခဲ့တဲ့ လက်ရှိ
အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံပါတီ ထောက်ခံသူတွေ အကြား အပြန်အလှန်
တိုက်ခိုက်မူ အတွင်း လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရရှိခဲ့တယ်လို့
သိရပါတယ်။
အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (BNP) ကို
ထောက်ခံသူတွေဟာ မနေ့က လက်ရှိ အစိုးရပါတီ အ၀ါမီလိဂ် ထောက်ခံသူတွေ၊
လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ အနှံ့အပြားမှာ ထိပ်တိုက် ရင်ဆိုင်
တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၇
ဦးထဲမှာ မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ ကော့စ်ဘဇားခရိုင် ဆိုကရီယာမြို့က
အတိုက်အခံ ပါတီ BNP အဖွဲ့ဝင် လူငယ် (၂) ဦး ပါဝင်ပါတယ်။ လုံခြုံရေး
တပ်ဖွဲ့ဝင်တွေက အတိုက်အခံ ပါတီရဲ့ ဆန္ဒပြ လူအုပ်ကို ပစ်ခတ် ဖြိုခွဲစဉ်မှာ
သေဆုံးသွားခဲ့ကြတယ်လို့ ပြောပါတယ်။ တခြားသူ ၅ ဦးကလည်း သေနတ် ကျည်ဆံတွေ
ထိမှန်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
တခြားသေဆုံးသူတွေကလည်း အတိုက်အခံ BNP ပါတီနဲ့ ဂျာမတ် အစ္စလာမ်မီးယာ ပါတီ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ခုလို
ဆူပူ အကြမ်းဖက် တိုက်ခိုက်မူတွေဟာ လက်ရှိ အစိုးရ (၅) နှစ် သက်တမ်းကုန်တဲ့
အောက်တိုဘာလ ၂၄ ရက်နေ့ကနေ စတင် ဖြစ်ပွားနေတာ ဖြစ်ပြီး အောက်တိုဘာလ ၂၅
ရက်နေ့မှာတော့ အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံ ပါတီ ထောက်ခံသူတွေ
အကြား အပြန်အလှန် တိုက်ခိုက်မူက ကြီးမား ကျယ်ပြန့်လာခဲ့ပါတယ်။
အတိုက်အခံ
ပါတီ ခေါင်းဆောင် ခါလစ်ဒါဇီယာက လက်ရှိ အစိုးရဟာ သက်တမ်းကုန်သွားပြီ
ဖြစ်တဲ့ အတွက် တရားမ၀င်တော့ကြောင်းနဲ့ လွတ်လပ်မျှတတဲ့ ရွှေးကောက်ပွဲကို
ပါတီလက်ကိုင်မရှိတဲ့ ကြားဖြတ် အစိုးရ လက်အောက်မှာ ကျင်းပ ပြုလုပ်ဖို့
တောင်းဆိုနေပါတယ်။
လက်ရှိ အစိုးရကတော့ လာမယ့် ရွှေးကောက်ပွဲကို သူတို့အစိုးရရဲ့ လက်အောက်မှာ ကမကထ ပြု ကျင်းပသွားမယ်လို့ ကျေညှာထားပါတယ်။
ဘင်္ဂလာဒေခ်ျ့ ဖွဲ့စည်းပုံအရ ရွှေးကောက်ပွဲကို အစိုးရသက်တမ်းကုန်ပြီး ရက်ပေါင်း (၉၀) အတွင်း ကျင်းပ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
မနေ့ကတော့
အတိုက်အခံ ပါတီက BNP က နာရီ (၆၀) ကြာ အထွေထွေ သပိတ်ကို ခေါ်ယူလိုက်ပြီး
လက်ရှိ အစိုးရပါတီ အနေနဲ့ သူတို့နဲ့ ရွှေးကောက်ပွဲကိစ္စကို အမြန်ဆုံး
ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။ ခုလို အထွေထွေ သပိတ်
ခေါ်ယူလိုက်တာကြောင့် မနက်ဖြန် တနင်္ဂနွေနေ့ နံနက် (၆) နာရီက စပြီး
သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာ ဖြစ်သလို ကျောင်းတွေ၊
ဈေးဆိုင်တွေကိုလည်း နာရီ (၆၀) ကြာ ပိတ်ထားကြရမှာ ဖြစ်ပါတယ်။
(နိရဉ္စရာ- ၂၆ အောက်တိုဘာ ၂၀၁၃)
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.