လေကြောင်းမှ တစ်ဆင့်အချိန်တို
အလည်အပတ်သွားရောက်သည့် မြန်မာနှင့်ထိုင်းနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် ပေးရန်အတွက်
နှစ်နိုင်ငံသဘောတူညီချက်ကို ထိုင်းအစိုးရအဖွဲ့ကခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်ပို့စ်
သတင်းဌာနကဖေါ်ပြခဲ့သည်။
အောက်တိုဘာ ၂၂ရက်တွင်ပြုလုပ်သော
အစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေး၀န်ကြီး၏ လေကြောင်းမှ တစ်ဆင့်လာရောက်သော
ခရီးသည်များကို ၁၄ရက် ကြာနေထိုင် ခွင့်ဗီဇာကင်းလွှတ်ခွင့်ပေးရန် တင်ပြချက်ကို အစိုးရအဖွဲ့
က သဘောတူပေးလိုက်ခြင်းဖြစ်သည် ဟုသိရသည်။
သဘောတူညီချက်သည်
နှစ်နိုင်ငံလုံးကလက်မှတ်ရေးထိုးပြီးမှသာ သက်ရောက်မည်ဖြစ်ကြောင်းကို အစိုးရအဖွဲ့ အစည်းအဝေးတွင်
အစိုးရရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုင်းအစိုးရအဖွဲ့က ယခုလိုသဘောတူညီ လိုက်သည်ဆိုသော်လည်း
နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးမည့်နေ့ကိုမူ သတ်မှတ်ထားခြင်းမရှိသေးဟုဆိုသည်။
ယခု ဗီဇာကင်းလွတ်ခွင့်
ပေးမည့်အစီအစဉ် သည်သတ်မှတ်ထားသော ထိုင်းလေဆိပ် ၂၃ခုမှ တစ်ဆင့် ၀င်ထွက်သွားလာ သောခရီးသွားများ
အတွက်သာသက်ရောက်မည်ဖြစ်ပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်ကျော်သွားရောက်သောခရီး သွားများအတွက်မူ
ဗီဇာကင်းလွတ် ခွင့်အစီအစဉ် အကျုံး၀င်မည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့် ရှိသူ
Teerat Ratanasevi ကပြောကြားခဲ့ သည်။
ဤဗီဇာ ကင်းလွတ်ခွင့်
အစီအစဉ်ကို မြန်မာဘက်က သော်လည်းကောင်း၊ ထိုင်းဘက်ကသော်လည်းကောင်း ဖျက်သိမ်းနိုင်ခွင့်
ရှိသော်လည်း ဖျက်သိမ်းခြင်း မပြုမီ နိုင်ငံခြားရေး၀န်ကြီးများ မှ တစ်ဆင့် ရက်ပေါင်း
၆၀ ကြိုတင်သတိပေးရမည် ဟုဆိုသည်။ ကျန်းမာရေး သို့မဟုတ် လုံခြုံရေး အခြေအနေများအရ ဗီဇာကင်းလွတ်ခွင့်
၁၅ ရက် ကြိုတင်သတိပေးပြီး ပိတ်ပင်နိုင်သည်ဟုလည်းသိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့်
ထိုင်းနိုင်ငံသား အများအပြားမှာ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်၀င်စားမှုများပြားလျက်ရှိပြီးလက်ရှိဗီဇာ
သက်တမ်းမှာ ၂၈ ရက်ရှိကြောင်း သိရသည်။ ယခုကဲ့ သို့မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား
ဗီဇာကင်းလွတ်မှု သဘောတူညီချက်အရအကျိုးအမြတ်ရရှိနိုင်မည့် သူများမှာ ထိုင်းစီးပွားရေး
လုပ်ငန်းရှင်များသာ ဖြစ်ဖွယ်ရှိပြီး ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်း
များအားလာရောက်လေ့လာရာတွင် ဗီဇာကင်းလွတ်ခွင့်ကြောင့် ယခင်ထက် ပိုမိုလွတ်လပ် စွာလာရောက်နိုင်မည်
ဖြစ်သည်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည်
တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန်
စိတ်၀င်စားနေကြပြီး မကြာသေးခင်အချိန်ကလည်းစရိတ်နည်းလေကြောင်းလိုင်းဖြစ်သော Nok Air
လေကြောင်း၏ ခရီးစဉ် အဖြစ် မဲဆောက်မှမော်လမြိုင် သို့ စတင်ပြေးဆွဲနေပြီး ထိုင်းစီးပွားရေး
လုပ်ငန်းရှင်အများစု လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရသည်။
Ref-Myanmar iCT News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.