0

ပြီးခဲ့သည့်ရက်အတွင်း ဂျာမနီ၀န်ကြီးချုပ် အင်ဂျဲယာမာကလသည် အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံ ရေးအေဂျင်စီ (NSA)ကသူ၏ ဖုန်းအဆက်အသွယ် ကိုစောင့်ကြည့်စစ်ဆေးမှု နှင့်ပတ်သက်၍ ဖြေရှင်းချက် ပေးရန် သမ္မတအိုဘားမားထံ ဖုန်းခေါ်၍ တောင်းဆိုခဲ့သည် ဟုသိရသည်။

မစ္စမာကယ် နှင့်ပတ်သက်၍ ဂျာမန်ထောက်လှမ်းရေးဌာန ၏စုံစမ်းမှု အပေါ်အခြေခံ၍ ထွက်ပေါ်လာသော အစီရင်ခံစာ အရသိရှိရပြီး ခြေခြေမြစ်မြစ် ရှိသောအစီရင်ခံစာ ဖြစ်ကြောင်းနှင့် ထွက်ပေါ်လာသော သတင်းအပေါ် ဂျာမနီနိုင်ငံအတွင်းအမျက်ဒေါသ ထွက်လျက်ရှိကြောင်း သိရသည်။


မစ္စမာကယ်၏ ဖုန်းအဆက်အသွယ်ကို ပစ်မှတ်ထားကာ အမေရိကန်အစိုးရအေဂျင်စီက ကြားဖြတ်ခိုးနားထောင် နေခြင်းမှာ ခိုင်လုံသော အထောက်အထား တွေ့ရှိခဲ့သည့်အတွက် မစ္စမာကယ်က အိမ်ဖြူတော်သို့ ဖုန်းခေါ်ဆို၍ ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာအိုလန်းက အိုဘားမားထံဖုန်းဆက်သွယ်ခေါ်ဆိုကာ NSA ၏လုပ်ရပ်နှင့် ပတ်သက်၍ ရှင်းလင်းချက် ပေးရန်တောင်းဆို ခဲ့ပြီးနောက် NSA ၏လုပ်ရပ်အပေါ် ဘာလင်တွင် မကျေမနပ်အမျက် ထွက်မှုများဖြစ်ပေါ် လာခဲ့ခြင်းလည်းဖြစ်သည်။ NSA သည်ပြင်သစ်နိုင်ငံသားတို့၏ သန်းနှင့်ချီသော ပုဂ္ဂိလ်ရေး ဖုန်းဆက်သွယ် ခေါ်ဆိုမှုများနှင့် အမှာစကားပေးမှုများကို ပြစ်မှတ်ထားကာ သတင်းအချက်အလက်များ စုဆောင်းလျက်ရှိကြောင်း စွပ်စွဲလျက်ရှိသည်။

မာကယ်၏ပြောခွင့်ရ ပုဂ္ဂိုလ် စတက်ဖင်ဆိုင်ဘတ်၏ အဆိုအရ မစ္စမာကယ်သည် သမ္မတအိုဘားမားကို ဖုန်းခေါ်ဆိုကာ ကက်ကက်လန်ရန်တွေ့ ခဲ့သကဲ့သို့ NSA ၏လုပ်ရပ်မှာ စိတ်ကုန်စရာ ကောင်းကြောင်း နှင့် လက်သင့်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်ဖြစ်သည့်အတွက် ချက်ချင်းလက်ငင်းရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။


Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top