အမေရိကန်ထောက်လှမ်းရေး
ကန်ထရိုက်တာ ဟောင်းအက်ဒ၀ပ် စနိုးဒင် ထံမှ အမေရိကန် အမျိုးသားရေး လုံခြုံရေး သတင်းပေါက်ကြားမှုကို
ဖေါ်ပြနိုင်ခဲ့သည့် အတွက် ဗြိတိန်၏ The Guardian သည် စနေနေ့ကအွန်လိုင်းသတင်း စာပညာဆုနှစ်ဆု
ဆွတ်ခူးခဲ့ သည်ဟုသိရသည်။
အမေရိကန် သူလျှို
အေဂျင်စီက အီလက်ထရွန်နစ်ပညာဖြင့် စောင့်ကြည်မှု သတင်း ကိုဂါးဒီးယန်း က ဖေါ်ပြရာ၌ ဆန်းသစ်တီထွင်
စုံစမ်းဖေါ်ထုတ်သတင်းပညာနှင့် စောင့်ကြည့်သတင်း ပညာရပ်တို့အတွက် Online News
Association (ONA) အဖွဲ့၏ နှစ်ပတ်လည်ဆုပေးပွဲတွင် ဂုဏ်ပြုခံခဲ့ ရခြင်းဖြစ်သည်။
စနေနေ့ ကအခြားအွန်လိုင်း
သတင်းပညာဆုရရှိသူများတွင် The New York Time နှင့် The Boston Globe တို့ပါ၀င်ပြီး
၄င်းတို့နှစ်ခုစလုံးဆုများစွာ ရရှိခဲ့သည်။ NY Times.com သည်အွန်လိုင်း သတင်းပညာတွင်
အထွေထွေ သာလွန်ကောင်းမွန်မှု အတွက် ဆုရရှိသကဲ့သို့ သတင်းစာကလည်း ကြောက်မက်ဖွယ်နှင်းထု
၊ ရေခဲထု၊ ကျောက်ခဲများ ပါတောင်ပြို မှုအကြောင်း Snoew Fall ဟုခေါ်ဆိုသည့် အံ့သြဖွယ်
မီဒီယာ ပေါင်းစုံ မှ တင်ပြမှု တွင်အစီအစဉ် ကျနစွာ အစီရင်ခံမှုတစ်ဆုရရှိခဲ့သည် ဟုဆိုသည်။
Bston Globe .
com နှင့် ၄င်း၏ ဆိုက်ခွဲ Boston .com တို့လည်း ဘော့စတွန် မရသွန် ဗုံးခွဲမှု များသတင်းကို
ဖေါ်ပြမှု အတွက်စက်ရပ်သတင်း ဆိုင်ရာ ဂုဏ်ပြုဆုရရှိခဲ့သည်။ The Boston Globe ကလည်း
68 Blocks ဟု ခေါ်ဆိုသော စီမံကိန်းတစ်ခု (သို့မဟုတ်) မြို့၏ ဒုက္ခရောက်နေသော ရပ်ကွက်
တစ်ခုအကြောင်း ဖေါ်ပြမှု အတွက် ပြည်သူ့ အကျိုးဆောင်ဆု ရရှိခဲ့သည် ဟုသိရသည်။
ါရှင်တန်ပို့စ် မှာ
အက်ဇရာကလိန်းက ကြီးမားသော မီဒီယာအဖွဲ့အစည်းတစ်ခု၌ အွန်လိုင်းလေ့လာ သုံးသပ်မှုအတွက်
ဆုရရှိ သကဲ့သို့ နယူးဇီလန်မှ Syuff Nation ကလည်း အလယ်အလတ်မီဒီယာအဖွဲ့တစ်ခု၌ အွန်လိုင်း
လေ့လာသုံးသပ် မှုအတွက် ဆုရခဲ့သည်။ ONA ကို ၁၉၉၉ ခုနှစ်ကထူထောင်ခဲ့ပြီး ကမ္ဘာတစ်၀န်းအဖွဲ့၀င်ပေါင်း
၂၀၀၀ ကျော်ရှိသည် ဟုသိရသည်။
Ref-Myanmar iCT News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.