နေပြည်တော်၊အောက်တိုဘာ၂၄
မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက်
အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
“အလုပ်
မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။ နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့
မဖြစ်ဘူး လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ
ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။ လူကြီးသားသမီးမို့လို့
အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက်ခိုင်းတယ်
ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။
ကိုယ်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့ တစ်တွေကို တပ်နဲ့
ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ
မခိုင်းခဲ့ဘူး။ အဲဒီ အတိုင်းပဲ နယက အဖွဲ့ဝင် တစ်ယောက် အနေနဲ့ လဲ သူတို့ကို
ပိုပြီးတော့ အခွင့်အရေးပေးခိုင်ခဲ့တာလဲ တစ်ခုမှ မရှိဘူး။ မိမိ ဘက်က ဒီနေ့
သူတို့ စီးပွားရေး လုပ်နေကြတယ် ဘာတွေ လုပ်နေကြတယ် ဆိုတာ
တရားဝင်လုပ်နေကြတယ်။
အဲဒီအတိုင်းပဲ သူတို့ တတွေ စီးပွားရေးလုပ်ပြီးတော့
ရတဲ့ ၀င်ငွေ က အခွန် အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကို
ဥပဒေနဲ့ အညီ ဆောင်ရွက်ခိုင်းထားတယ် ဆောင်ရွက်ထားတယ်လို့ပြော တယ်။ ဒါနဲ့
ပတ်သတ်လို့ မိမိ အတွက်သော်လည်းကောင်း၊ မိမိ မိသားစု အတွက်သော်လည်ကောင်း
အဓိက မိမိ ကိုယ်ကို မိမိတာဝန်ယူတယ်။ ကလေးတွေ အတွက် ကလေးတွေ
တာဝန်ယူနိုင်အောင်လုပ်ထားတယ် ။ အချိန်မရွှေး စစ်ခံနိုင်တယ်။ အချိန်မရွှေး
လာရောက်လေ့လာနိုင်တယ်”ဟု ၎င်း ကပြောသည်။
၂၀၁၅ ခုနှစ်တွင်သမ္မတ
ဖြစ်ချင်သူတစ်ဦးအနေဖြင့်၊သားသ္မီးများ၏ စီးပွားရေး လုပ်ငန်းများနှင့်
ပတ်သက်ပြီး အသံအမျိုးမျိုး ထွက်နေခြင်း၊ မိသားစု၏ ပိုင်ဆိုင်မှုများနှင့်
ပတ်သတ်ပြီး အမျိုးမျိုးဝေဖန်မှု များရှိနေသည့် အတွက် Clear ရှိနိုင်ပါမလား
ဟု သတင်းမီဒီယာ သမားများ၏ မေးမြန်းမှုကို အထက်ပါ
အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၅
ခုနှစ် ရွှေးကောက်ပွဲတွင် ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က
ဝင်ရောက်အရွေးချယ် ခံခြင်း ပြုတော့မည် မဟုတ်ဟု မိမိကို ပြောဆိုခဲ့ကြောင်း
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မီဒီယာသမားများ ၏ မေးမြန်းမှုကို
ဖြေကြားခဲ့သည်။
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်
ပုံမှန်အစည်းအဝေးပြီးမြောက်ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် ဇမ္မူသီရိ
အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
စိုင်းနောင်
Popular Myanmar News Journal
Home
»
မြန်မာ့သတင်း
» မိသားစုများ၏ စီးပွားရေး လုပ်ငန်းကို ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အချိန်မရွေး လာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်း ပြောပြီ
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.