0

Google နဲ့  LG တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ Nexus 5 ကို ဒီနေ့၀ယ်ယူနိုင်ပြီဖြစ်ကြောင်း Google ကပြောကြားပါတယ်။ 16GB ကို $349 , 32GB ကို  $399  ဈေးသတ်မှတ်ထားပါတယ်။ Android 4.4 KitKat ပထမဆုံးအသုံးပြုတဲ့ ဖုန်းလည်းဖြစ်ပါတယ်။

US, Australia, France, Germany, Spain , Italy , Japan , Korea နိုင်ငံကလူတွေကတော့ ဒီနေ့ မှစတင်ပြီး Google Play Store ကနေမှာယူနိုင်ပြီဖြစ်ပါတယ်။ India နဲ့  တစ်ခြားနိုင်ငံတွေကို လည်း မကြာမီရောင်းချပေးတော့မှာပါ။ Sprint , T-Mobile , Amazon , Best Buy , RadioShack စတဲ့ Carrier Exclusive Version တွေလည်း မကြာမီရောင်းချပေးမှာပါ။


Nexus 5 မှာ 4.96 လက်မ Display ပါရှိပြီး 1920×1080 resolution ပါရှိပါတယ်။ တစ်လက်မကို 445pixel ပါရှိပြီး 2.3GHz quad-core Qualcomm Snapdragon 800 processor အသုံးပြုထားပါတယ်။ 2GB RAM ပါရှိပါမယ်။

မျက်နှာချင်းဆိုင် မှာ 1.3MP Camera တပ်ဆင်ထားပြီး အနောက် ဘက်မှာတော့ 8MP Camera တပ်ဆင်ထားပါတယ်။ ဆန်းသစ်တဲ့ Lens ကိုအသုံးပြုထားပြီး ညအချိန်မှာ ရိုက်ရင်တောင် ကြည်လင်ပြတ်သားတဲ့ ပုံတွေရမယ်လို့  Google က ပြောပါတယ်။

အနောက် ကင်မရာ မှာ Optical Image Stabilization (OIS) နည်းပညာပါရှိပြီး လှုပ်ရှားနေတဲ့ပုံရိပ်တွေကို ကြည်လင် ထင်ရှားစွာ ရိုက်ကူးနိုင်ပါတယ်။ HDR+ Mode ကိုအသုံးပြုရင် ဓါတ်ပုံတွေကို ဆက်တိုက်ရိုက်ကူးပေးမှာဖြစ်ပြီး အဲဒီ ပုံတွေကို ပေါင်းစပ်ပြီး အကောင်းဆုံးပုံတစ်ခုကိုပြုလုပ်ပေးနိုင်ပါတယ်။

ထုတ်လုပ်ပြီးသမျှ Nexus ဖုန်းတွေထဲမှာတော့ အပါးလွှာဆုံးနဲ့  အမြန်ဆုံး ဖုန်း ဖြစ်တယ်လို့ Google ကပြောပါတယ်။ 4G LTE အသုံးပြုနိုင်ပါတယ်။ ကျန်တာတွေကတော့ Volume Buttons, Micro USB , , 3.5 Stereo Audio Jack , Dual Microphone တို့ပါရှိပါမယ်။

Nexus 5 ဟာ အခု ထုတ်လုပ်ခဲ့ပြီးတဲ့ Android Device တွေထဲမှာတော့ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးပေါ် Android Version ကိုအသုံးပြုထားပြီး မကြာခင် မှာ တစ်ကမ္ဘာလုံး  အတိုင်းအတာနဲ့၀ယ်ယူနိုင်တော့မှာဖြစ်ပါတယ်။


 Ref-Myanmar iCT

Post a Comment

 
Top