Google Chrome Browser ဟာ
အကောင်းဆုံး Browser တွေထဲကတစ်ခုဖြစ်ပြီး Browser ရဲ့ Function
ကိုထပ်ဖြည့်ပေးနိုင်တဲ့ Extensions တွေလည်းများစွာရှိပါတယ်။ ဒါပေမယ့် Extension
တွေဟာ သင့်ကွန်ပြူတာရဲ့ Memory ကိုအသုံးပြုကြပါတယ်။အဲဒီအတွက် Extensions
တွေအများကြီးအသုံးပြုတာပဲဖြစ်ဖြစ်၊ Memory အသုံးပြုမှုများတဲ့ Extensions တွေကို
အသုံးပြုတာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ သင့် System ကိုလေးလံစေပါတယ်။ Memory
နည်းတဲ့စက်တွေမှာဆို ပိုသိသာပါတယ်။
Extension တွေရဲ့ Memory
အသုံးပြုမှုကိုသိနိုင်ဖို့ အတွက် Chrome မှာ Built-in Tool ပါရှိပါတယ်။ Task
Manager လို့ခေါ်ပြီး Toolbar က Menu Icon>Tools>Task Manager ကိုနှိပ်ပါ။
Shortcut Key အသုံးပြုချင်ရင်တော့ Shift + Esc ကိုနှိပ်ပါ။
ဒါဆိုရင် Chrome
Task Manager ပေါ်လာမှာဖြစ်ပါတယ်။ ၀င်းဒိုးကို အကြီးချဲ့ကြည့်လို့ရပါတယ်။ အဲဒီမှာ
Chrome Extension တွေရဲ့ Memory အသုံးပြုမှုကိုတွေ့နိုင်ပြီး Memory အသုံးပြုမှုများတဲ့
Extension တွေကို မှတ်သားထားပြီး Uninstall လုပ်နိုင်ပါတယ်။
မရှိမဖြစ်အသုံးပြုရမယ့်
Extension ဆိုရင်လည်း တစ်ခြား Memory အသုံးပြုမှုနည်းတဲ့ Extension တွေနဲ့ လဲလှယ်အသုံးပြုပါ။
Google Chrome Web Store မှာ Extension များစွာရှိပြီး သင်အသုံးပြုတဲ့ Extension
Page ကိုသွားပါ။ပြီးရင် Related tab ကို နှိပ်ပါ။ဒါဆိုရင် Function တူတဲ့
Extension တွေကိုတွေ့နိုင်ပြီးလဲလှယ်သုံးနိုင်ပါပြီ။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.